ဂျော့ဆိုးရော့စ်နှင့် လွှတ်တော်အမတ် ဦးရွှေမောင်တွေ့ဆုံ

1.8K
ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအ၀န်းတွေ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကိစ္စတွေကို မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သန်းကြွယ်သူဌေးကြီး ပွင့်လင်း လူ့အဖွဲ့အစည်း ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ ဂျော့ဆိုးရောစ်နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးရွှေမောင်ရဲ့ လူမှုရေး ကွန်ရက်အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီတွေ့ဆုံပွဲမှာ ပြည်သူ့လွှတ်တော်အမတ် ဦးရွှေမောင် အပါအ၀င် အမျိုးသမီးအရေး လှုပ်ရှားသူ ဒေါ်ဝေေ၀နု ရိုဟင်ဂျာ လူ့အခွင့်အရေး ကာကွယ်သူ ဦးကျော်လှအောင်တို့လည်း တက်ရောက်နေတဲ့ ဓာတ်ပုံတွေကိုလည်းတင်ပြထားပါတယ်။
၂ ဖက် အသိုင်းအ၀န်းနဲ့ ပြည်တွင်းရေးပြောင်း ဒုက္ခသည်စခန်း အခြေအနေ၊ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ တရားဥပဒေ စိုးမိုးရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသး ဥပဒေ၊ ရိုဟင်ဂျာတွေ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရရှိရေး အတွက် စိန်ခေါ်မှုတွေ၊ အားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ဆိုးရောစ့်ကမေးမြန်းတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ်က တရားမ၀င် ၀င်ရောက်နေထိုင်တဲ့သူတွေ မရှိတဲ့အကြောင်း ယုတ္တိဗေဒနဲ့ သချာင်္နည်းကျကျ သက်သေပြခဲ့တယ်လို့ ဆိုပါတယ်။