ဘရာဇီးနိုင်ငံတွင် ခရီးသည်တင်ရထား ၂ စီး တိုက်မိ

1.2K
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့မှာ ဇန်န၀ါရီ ၅ ရက်နေ့က ခရီးသည်တင်ရထား ၂ စီး တိုက်မိလို့ လူအယောက် ၁၃၀ ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရထားတစီးက ဘူတာမှာ ခရီးသည် အတက်အဆင်းအတွက် နှောင့်နှေးနေချိန်မှာ ရထားလမ်းကြောင်းတူတဲ့ တခြားရထားက ဝင်တိုက်မိခဲ့တာလို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။
နှစ်သစ်ကူးအားလပ်ရက်အပြီး ပထမဆုံး အလုပ်ဝင်တဲ့နေ့မှာ ခရီးသည်တွေ အိမ်ပြန်ချိန် မှာ ခုလို တိုက်မိခဲ့တာပါ။
ဘရာဇီးရထားလုပ်ငန်း စူပါဗီယာ ထရန်စ်အာဘန်နော့ရဲ့ ဥက္ကဋ္ဌကတော့ ဒီနေ့ ရထားစီးခရီးသည် ပမာဏက ခါတိုင်းရဲ့ ၈၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကို အခင်းဖြစ်ရာမှာရော၊ ဆေးရုံမှာပါ ကုသပေးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ဒေသခံ သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေကတော့ မတော်တဆမှုကို စုံစမ်း စစ်ဆေး မယ်၊ ဖြစ်ရတဲ့အကြောင်းရင်းကို ရှာပြီး ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ လုပ်သွားမယ်လို့ ဆိုပါတယ်။