မြန်မာနိုင်ငံသား ၆ ဦးကို လူသတ်မှုဖြင့် မလေးရဲ တရားစွဲခွင်ပြု
DVB
·
January 7, 2015
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် သံသယနဲ့ ဖမ်းဆီးခံ မြန်မာ ၁၁ ဦးအနက် ၆ ဦးကို လူသတ်မှုနဲ့ တရားစွဲခွင့်ပေးလိုက်ပြီလို့ ပီနန်ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။
[caption id="attachment_76234" align="aligncenter" width="473"] ဖမ်းဆီးခံ မြန်မာနိုင်ငံသားများကို ရုံးထုတ်စဉ် (ဓာတ်ပုံ - thestar)[/caption]
စုံစမ်းထောက်လှမ်းတာတွေကို အထောက်အကူပြုဖို့ ဖမ်းဆီးထားတဲ့ မြန်မာ ၆ ဦးကို ရမန်ယူပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာလို့ မလေးရှား သည်စတား သတင်းစာက ရေးပါတယ်။
တခြား ၅ ဦးကိုလည်း စွဲဆိုဖို့ လုံလောက်တဲ့ အထောက်အထားတွေ စုဆောင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ပီနန်ရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူရာဟင်ဟန်နာဖီက သတင်းထောက်တွေကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၁၄ ဇန်န၀ါရီလကတည်းက စတင်ပြီး ပီနန်ပြည်နယ်မှာ မြန်မာနိုင်ငံသား အနည်းဆုံး ၁၈ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။