မြန်မာနိုင်ငံသား ၆ ဦးကို လူသတ်မှုဖြင့် မလေးရဲ တရားစွဲခွင်ပြု

ဓာတ်ပုံ - thestar
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် သံသယနဲ့ ဖမ်းဆီးခံ မြန်မာ ၁၁ ဦးအနက် ၆ ဦးကို လူသတ်မှုနဲ့ တရားစွဲခွင့်ပေးလိုက်ပြီလို့ ပီနန်ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ [caption id="attachment_76234" align="aligncenter" width="473"]ဓာတ်ပုံ - thestar ဖမ်းဆီးခံ မြန်မာနိုင်ငံသားများကို ရုံးထုတ်စဉ် (ဓာတ်ပုံ - thestar)[/caption] စုံစမ်းထောက်လှမ်းတာတွေကို အထောက်အကူပြုဖို့ ဖမ်းဆီးထားတဲ့ မြန်မာ ၆ ဦးကို ရမန်ယူပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာလို့ မလေးရှား သည်စတား သတင်းစာက ရေးပါတယ်။ တခြား ၅ ဦးကိုလည်း စွဲဆိုဖို့ လုံလောက်တဲ့ အထောက်အထားတွေ စုဆောင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ပီနန်ရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူရာဟင်ဟန်နာဖီက သတင်းထောက်တွေကို ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၄ ဇန်န၀ါရီလကတည်းက စတင်ပြီး ပီနန်ပြည်နယ်မှာ မြန်မာနိုင်ငံသား အနည်းဆုံး ၁၈ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up