A d v e r t i s e m e n t With Us

၂၀၁၄ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၈၀ ကျော် သေဆုံး

  ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ   ခရီးသည်တင်ယာဉ်တိုက်မှုနဲ့ တိမ်းမှောက်မှုတွေကြောင့်  ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်းလူ ၈၄ ဦး သေဆုံးပြီး ၅၉၄ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မထသ ဗဟိုက စုံစမ်းသိရပါတယ်။ ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်းမှာ ရန်ကုန်တိုင်း  မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသ) ဗဟိုလက်အောက်က ခရီးသည်တင်ယာဉ်တိုက်မှု ၂၁၃ မှု၊ တိမ်းမှောက်မှု ၂၃ မှုနဲ့ အခြားအမှု ၂၅ မှု စုစုပေါင်း ၂၆၁ မှု ဖြစ်ပွားခဲ့ပြီး  သေဆုံးခဲ့တာလို့ မထသ ဗဟို ဥက္ကဋ္ဌ ဦးလှအောင်က ဒီဗွီဘီကို ပြောပါတယ်။ dvb12-copy၂၀၁၃ ခုနှစ်ကတော့ ရန်ကုန်မှာ ခရီးသည်တင်ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုတွေကြောင့် လူပေါင်း  ၉၁ ဦး သေဆုံးကာ ၈၃၀ ဦး ဒဏ်ရာရရှိခဲ့လို့ သေဆုံးသူ အရေအတွက် အနည်းငယ် လျော့ကျသွားတာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း ခရီးသည်တင်ယာဉ်လိုင်းတွေနဲ့ ပတ်သက်ပြီး ခရီးသည်တွေရဲ့ တိုင်ကြားမှုပေါင်း ၁၅၀၀ နီးပါး ရှိခဲ့ပြီး အဲဒီ့အမှုတွေထဲမှာ ယာဉ်စီးခ ပိုတောင်းမှုက အများဆုံးနဲ့ ခရီးသည်တွေကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးမှာတော့ မတော်တဆတိုက်မှုကြောင့် ၂၀၁၄ ခုနှစ်အတွင်း လူပေါင်း ၁၅၀ သေဆုံးပြီး ၈၀၀ ကျော်ဒဏ်ရာရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ အစိုးရပိုင်နေ့စဉ်သတင်းစာမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up