A d v e r t i s e m e n t With Us

အယ်လ်အေဂလက်စီအသင်းနှင့် ဂျရတ် ချိတ်ဆက်နေဟုဆို

လီဗာပူးအသင်းခေါင်းဆောင် စတီဗင် ဂျရတ်ဟာ အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီအသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်လို့ ဗြိတိသျှ မီဒီယာတွေက ခန့်မှန်းလိုက်ပါတယ်။ 1207759-25220556-1600-900ဂျရတ်ဟာ ပေါင် ၆ သန်း တန်ဖိုးရှိတဲ့ ၁၈ လစာချုပ် သက်တမ်းနဲ့ ပြောင်းရွှေ့မယ်လို့ ဆိုပါတယ်။ အပြောင်းအရွှေ့ ဖြစ်ရင် မေဂျာလိဂ်မှာ ဈေးအကြီးဆုံး ကစားသမားတွေထဲက တယောက် ဖြစ်လာဖို့ ရှိနေပါတယ်။ ဂျရတ်အတွက် ၁ ပတ် လုပ်ခလစာကို ပေါင်  ၇ သောင်းကျော်ပေးဖို့ သဘောတူထားလို့လည်း ဆိုပါတယ်။ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ တရားဝင် သတင်းထုတ်ပြချက်ကိုတော့ ဒီ ၁ ပတ်ထဲမှာ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။ အသက် ၃၄ နှစ်အရွယ် ကွင်းလယ်သမားဟာ ဒီနှစ်ရာသီအကုန်မှာ လီဗာပူးကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားပါတယ်။ ဂျရတ် ပြောင်းမယ့် အယ်လ်အေ ဂလက်စီဟာ ဘောလုံုံးအကျော်အမော် ဒေးဗစ် ဘက်ခမ်း ကစားခဲ့တဲ့အသင်း ဖြစ်ပါတယ်။ လောလောဆယ် အယ်လေဂလက်စီမှာ လီဗာပူး ကစားသမားဟောင်း ရော်ဘီကိန်း ကစားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up