ဝက်စ်ဟမ်း ကွင်းလယ်သမား အဲလက်ဆောင်းက ကင်မရွန်းလက်ရွေးအသင်းကနေ အနားယူ လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ဆောင်းဟာ အာဖရိက ဘောလုံး ပြိုင်ပွဲမှာ ကင်မရွန်းလက်ရွေးစင်အသင်းကနေ အရွေးချယ် မခံရပြီး နောက်ပိုင်း အနားယူ လိုက်တာပါ။
အသက် ၂၇ နှစ်အရွယ် ဆောင်းဟာ ဘာစီလိုနာကနေ အငှားစာ ချုပ်နဲ့ ၀က်စ်ဟမ်းကို လာရောက် ကစားနေတာပါ။
ပြည်တွင်း လိဂ်ပြိုင်ပွဲတွေမှာ အာရုံစိုက် ကစားချင်တာနဲ့ ကစားသမားဘ၀ကို ၀က်စ်ဟမ်းမှာ ပြန်လည် ထူထောင်ချင်လို့ အနားယူတာလို့ ဆောင်းက ပြောပါတယ်။
ဆောင်းဟာ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးကတည်းက ကင်မရွန်းအသင်းအတွက် ကစားပေးရခြင်း မရှိသေးပါဘူး။ သူဟာ ကင်မရွန်း လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၄၇ ပွဲ ကစားပေးထားပါတယ်။