A d v e r t i s e m e n t With Us

၅ နှစ်အတွင်း အမေရိကန်ရေနံဈေး အနိမ့်ဆုံး ကျဆင်း

အမေရိကန်ရေနံဈေးဟာ ၁ စည်ကို အမေရိကန်ဒေါ်လာ ၅၀ အောက် ကျဆင်းခဲ့တာကြောင့် ၂၀၀၉ ဧပြီလနောက်ပိုင်း ပထမဆုံးအနိမ့်ဆုံးကို ကျဆင်းသွားပါတယ်။ ရေနံစိမ်းဈေးနှုန်းဟာလည်း ဇန်န၀ါရီ ၅ ရက်နေ့က ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၃ အထိ ဈေးကျခဲ့တာပါ။ အမေရိကန်ရေနံရော၊ ရေနံစိမ်းပါ ၂၀၁၄ နှစ်လယ်ပိုင်းက စပြီး ဈေးတ၀က်ကျော် ပြုတ်ကျခဲ့ပြီး ဖြစ်ပါတယ်။ ရေနံဈေးနှုန်း အခုထက် ကမောက်ကမဖြစ်မှာကို ရေနံထုတ်လုပ်သူတွေက စိုးရိမ်နေကြပါတယ်။ ရေနံတူးဖော်ရေးနည်းပညာတွေ မြင့်လာခဲ့ပြီး အမေရိကန်ရေနံထုတ်လုပ်မှုဟာလည်း နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးဖြစ်နေပါတယ်။ oil-pump-jacks-usဒါကြောင့် အမေရိကန်ပြည်နယ်တွေဖြစ်တဲ့ မြောက် ဒါကိုတာ နဲ့  ပန်ဆေးဗေးနီးယား တို့မှာ စံချိန်တင်ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ ရေနံထုတ်လုပ်သူ OPEC နိုင်ငံတွေကလည်း လက်ရှိထုတ်လုပ်နှုန်းအတိုင်း မလျော့ပဲ ဆက်လက်ထုတ်လုပ်သွားမယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် ရေနံလုပ်ငန်းရင်းနှီးမြှုပ်နှံလိုသူတွေကို အကြပ်ရိုက်စေခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့အကြီးဆုံး ရေနံကုမ္ပဏီကြီးတွေဖြစ်တဲ့ BP အစ၊ Exxon Mobil အဆုံး အစုရှယ်ယာတွေလည်း တဟုန်ထိုးကျဆင်းခဲ့ရပါတယ်။ လတ်တလော ရေနံဈေးကျဆင်းမှုကို စောင့်ကြည့်နေတဲ့  အမေရိကန်အရာရှိတွေကတော့ ဈေးကျမှုဟာ အမေရိကန်စီးပွားရေးကို အကျိုးကျေးဇူး ဖြစ်ထွန်းစေတယ်လို့ ပြောကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ဂျို့ရှ် အာနက်စ်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up