ဂျော်ဒန်အိမ်ရှေ့မင်းသား ဖီဖာဥက္ကဋ္ဌနေရာ ၀င်ပြိုင်မည်

615
ဂျော်ဒန်နိုင်ငံရဲ့ အိမ်ရှေ့မင်းသား အလီ ဘင် အယ် ဟူစိန်ဟာ ဖီဖာ ဥက္ကဋ္ဌ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။
ဂျော်ဒန် အိမ်ရှေ့မင်းသားဟာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ မိုက်ကယ် ပလာတီနီနဲ့ လူချင်း ရင်းနှီးသူလည်းဖြစ်ပြီး နာမည်ပျက်စရာ ကိစ္စတွေ ကြုံနေရတဲ့ ဖီဖာအဖွဲ့ရဲ့ ခေါင်းဆောင်မှု နေရာအတွက် ၀င်ပြိုင်မယ်လို့ တရားဝင် ကြေညာလိုက်ပါတယ်။
ဆပ်ဘလတ္တာခေါင်းဆောင်တဲ့ ဖီဖာအဖွဲ့မှာ နာမည်ပျက်စရာ လာဘ်ပေးလာဘ်ယူကိစ္စတွေ ဆက်တိုက်ပေါ်ပေါက်နေချိန်မှာ လက်ရှိ ဖီဖာ ဒုဥက္ကဋ္ဌ၊ ဂျော်ဒန်နဲ့ အနောက်အာရှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်တဲ့ အိမ်ရှေ့မင်းသားကို လုပ်ဖော်ကိုင်ဖက်တွေက ဖီဖာ ဥက္ကဋ္ဌ အဖြစ် အရွေးခံဖို့ တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ် အိမ်ရှေ့မင်းသားဟာ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုမှာ ပညာသင်ကြားခဲ့သူဖြစ်ပြီး အသက် ၇၈ နှစ်အရွယ် ဆပ်ဘလတ္တာ၊ ဂျာမိုနီ ချမ် ပန်နီ တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အိမ်ရှေ့မင်းသားက ဖီဖာအဖွဲ့အနေနဲ့ အရှုပ်တော်ပုံတွေကနေ လမ်းခွဲပြီး အားကစားကို အာရုံစိုက်ဖို့ အချိန်ရောက်ပြီလို့ ယူဆတဲ့အတွက် ဥက္ကဋ္ဌ နေရာအတွက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ရတာလို့ ပြောပါတယ်။
ဒီဆုံးဖြတ်ချက်အတွက် လပေါင်းများစွာ အချိန်ယူခဲ့ရပြီး လုပ်ဖော်ကိုင်ဖက်တွေကို လေးစားတဲ့အနေနဲ့ သေချာ စဉ်းစားဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။