A d v e r t i s e m e n t With Us

၁၉၉၅ ခုနှစ်က အိန္ဒိယ ကားဗုံးခွဲမှု ၀ရမ်းပြေးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

လွန်ခဲ့တဲ့ အနှစ် ၂၀ က အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာ ကားဗုံးခွဲတိုက်ခိုက်မှုနဲ့ ဖမ်းဆီးထောင်ချခံထားရသူကို ထိုင်းရဲတွေက မနေ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ Police officers escort Gurmeet Singh, also known as Jagtar Singh Tara, from India, as they arrive at the criminal court in Bangkok၁၉၉၅ ခုနှစ်က ကားဗုံးခွဲတိုက်ခိုက်မှုမှာ ပန်ဂျပ်ပြည်နယ်အုပ်ချုပ်ရေးမှူးအပါအ၀င် လူ ၁၈ ဦးသေဆုံးခဲ့တာပါ။ အခု ထိုင်းရဲတွေက ပြန်လည်ဖမ်းဆီးလိုက်တဲ့သူဟာ ဆခ်ခွဲထွက်ရေးအဖွဲ့ဝင်ဖြစ်ပြီး ၂၀၀၄ ခုနှစ်က တခြားအကျဉ်းသား ၃ ဦးနဲ့ အိန္ဒိယထောင်တခုကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတာပါ။ ၂၀၀၇ ခုနှစ်မှာ အိန္ဒိယအစိုးရက သူ့ကို ထောင်ဒဏ်တသက်ချထားတာပါ။ သူဟာ ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ၀င်ရောက်လာခဲ့ပြီးနောက် သူတည်းခိုနေတဲ့ ပတ္တရားမြို့က နေအိမ်တအိမ်မှာ မနေ့က ထိုင်းရဲတွေ ဖမ်းဆီးရမိခဲ့တာပါ။ သူ့ကို ဖမ်းဆီးနိုင်ဖို့ အိန္ဒိယရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး လအတန်ကြာ စောင့်ကြည့်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၃၇ နှစ်အရွယ် ဂါမိ ဆင်းကို အိန္ဒိယနိုင်ငံ ပြန်ပို့မယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up