A d v e r t i s e m e n t With Us

အက်ဖ်အေဖလား တတိယအဆင့် ၀က်စ်ဟမ်းနှင့်အဲဗာတန် သရေကျ

ဇန်န၀ါရီ ၆ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ၀က်စ်ဟမ်းနဲ့  အဲဗာတန်တို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ၀က်စ်ဟမ်းက ကော်လင်းက သွင်းယူပေးပြီး အဲဗာတန်အတွက် ချေပဂိုးကို ပွဲပြီးကာနီးမှာ လူကာကူက သွင်းယူတာ ဖြစ်ပါတယ်။ REPORT1ခြေညီတဲ့ နှစ်သင်းလုံးဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ၀က်စ်ဟမ်းအတွက်တော့ နောက်ဆုံး ကစားတဲ့ ၄ ပွဲဆက်တိုက် နိုင်ပွဲ မရသေးပါဘူး။ ဒီပွဲသရေကျလို့  အက်ဖ်အေဖလား တတိယအဆင့် ပြန်ကန်ပွဲစဉ်ကို လာမယ့် ဇန်န၀ါရီ ၁၂ ရက်နေ့ကျရင် ၀က်စ်ဟမ်းက အိမ်ကွင်းမှာ ပြန်လည်ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up