အီရတ်-ဆော်ဒီ နယ်စပ်တွင် အသေခံဗုံးခွဲမှု ဆော်ဒီနယ်ခြားစောင့်တပ်သား ၂ ဦး သေဆုံး

1.4K
အီရတ်နဲ့ ဆော်ဒီအာရေဗျနယ်စပ်မှာ အသေခံဗုံးခွဲမှုနဲ့ သေနတ်ပစ်တိုက်ခိုက်မှု တခုကြောင့် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့ အစောပိုင်းက ဆော်ဒီနယ်ခြားစောင့်တပ်သား ၂ ယောက် သေဆုံးတယ်လို့ ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ အီရတ်လုံခြုံရေးအကဲခတ် မူစတာဖာ အလာနီ ကတော့ အသေခံဗုံးခွဲသမားသုံးစွဲမှုဟာ အိုင်အက်စ်စစ်သွေးကြွတွေရဲ့ လုပ်ရပ်လို့ ထောက်ပြပါတယ်။
ဆော်ဒီနိုင်ငံအတွက် အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ပထမဆုံး တိုက်ခိုက်မှုလို့ ပြောပါတယ်။
အရင်ကတော့ ဆော်ဒီနဲ့ အီရတ်နယ်စပ်ကို မြေသားကတုတ်မြောင်း ခြံစည်းရိုးနဲ့ ကာရံထားပြီး ကင်မရာနဲ့ ရေဒါစနစ်တွေနဲ့ စောင့်ကြပ်မှုကို အဝေးကနေ မော်တာဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပါတယ်။
ခုလို ပစ်မှတ်ထား တိုက်ခိုက်မှုကရှားပါတယ်။ ဒီတိုက်ခိုက်မှု ကို ဘယ်သူလုပ် တယ် ဆိုတာ တိတိကျကျ တာဝန်ယူမှုတော့ မရှိသေးပါဘူး။
တိုက်ခိုက်ခံရတဲ့နေရာဟာ အိုင်အက်စ်စစ်သွေးကြွတွေနဲ့ ရှီးယားပြည်သူ့စစ်တွေ သိမ်းထားတဲ့ အီရတ်ရဲ့ အန်ဘာခရိုင်နဲ့ နီးတဲ့ ဝေးလံသီခေါင်တဲ့ ကန်တာရဒေသ ဖြစ်ပါတယ်။
ဆီးရီးယားက အိုင်အက်စ်တပ်တွေ သိမ်းထားတဲ့ နယ်မြေတွေကို ပြန်ရရေး အမေရိကန် ခေါင်းဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆော်ဒီစစ်တပ်က ပူးပေါင်းခဲ့တာပါ။
အရှေ့အလယ်ပိုင်းမှာ ဘာသာရေးဆရာ အုပ်ချုပ်တဲ့ အစ္စလာမ်မစ်နိုင်ငံတော် တည်ထောင်ပြီး မြေပုံသစ် ပြန်ရေးဆွဲချင်တဲ့ ဆွန်နီမွတ်စလင် စစ်သွေးကြွတွေက အထီးကျန် ၀ံပုလွေ စစ်ဆင်ရေးလို့ ခေါ်တဲ့ တိုက်ခိုက်မှုအတွင်း ဆော်ဒီလုံခြုံရေးတပ်တွေ၊ ရှီးယားမွတ်စလင် တိုင်းရင်းသားတွေနဲ့ နိုင်ငံခြားသားတွေကို တို်က်ဖို့ ဆော်သြထားပါတယ်။
