A d v e r t i s e m e n t With Us

ဒုတိယကမ္ဘာစစ် သမိုင်းဟောင်းကို အစဖော်ဖို့ ရည်မှန်းချက် မရှိဟု ဂျပန် ၀န်ကြီးချုပ် ပြော

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ၂၀၁၅ ခုနှစ်မှာ သမိုင်းဟောင်းကို ပြန်ပြီး အစဖော်ဖို့ ရည်မှန်းချက် မရှိဘူးလို့ သူရဲ့ နှစ်သစ်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။ abe၀န်ကြီးချုပ် အဘေးကတော့ “၂၀၁၅ ခုနှစ်ဟာ ဒုတိယကမ္ဘာစစ် ပြီးခဲ့တာ နှစ် ၇၀ ပြည့်ပါပြီး ကျနော်တို့ဟာ မုရာယာမကြေညာချက်ထဲမှာ ပါတဲ့အချက်တွေကို လေးစားပြီး အရင်အစိုးရတွေ ရဲ့ ရပ်တည်ချက်အတိုင်း ဆက်လုပ်သွားမယ်”လို့ ပြောပါတယ်။ မူရာယာမ ကြေညာချက်ဟာ ဝန်ကြီးချုပ်ဟောင်း တိုမိအိချိ မုရာယာမက ထုတ်ပြန်တဲ့ ၁၉၉၅ တောင်းပန်စာကို ရည်ညွှန်းပြောဆိုတာပါ။ ဂျပန်ဝန်ကြီးချုပ်ဟာ နှစ်သစ်ဆုတောင်းမှုကို အိစဲမြို့က အိစဲဘုရားကျောင်းမှာ ဆုတောင်း ကန်တော့ခဲ့ပါတယ်။ အာရှပစိဖိတ်ဒေသနဲ့ ကမ္ဘာကြီးအပေါ် ဘယ်လို ဘာတွေ ထည့်ဝင်ဖြည့်ဆည်းမလဲဆိုတဲ့ ကြေညာချက်အသစ်အတွက် ကျနော်တို့ ဗဟုသုတတွေ အတွေးတွေကို စုစည်းမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။ ကျိုဒိုသတင်းဌာနကတော့ ဂျပန်အစိုးရဟာ တရုတ်နဲ့ တောင်ကိုရီးယားတို့နဲ့ ဆက်ဆံရေး အတွက် သက်ရောက်မှု ရှိနိုင်လို့ နီးနီးကပ်ကပ် စောင့်ကြည့်ရမယ့် ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကြေညာချက်အသစ်ကို ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ၂၀၁၅ ခုနှစ်မှာ သမိုင်းဟောင်းကို ပြန်ပြီး အစဖော်ဖို့ ရည်မှန်းချက် မရှိဘူးလို့ သူရဲ့ နှစ်သစ်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။ ၀န်ကြီးချုပ် အဘေးကတော့ “၂၀၁၅ ခုနှစ်ဟာ ဒုတိယကမ္ဘာစစ် ပြီးခဲ့တာ နှစ် ၇၀ ပြည့်ပါပြီး ကျနော်တို့ဟာ မုရာယာမကြေညာချက်ထဲမှာ ပါတဲ့အချက်တွေကို လေးစားပြီး အရင်အစိုးရတွေ ရဲ့ ရပ်တည်ချက်အတိုင်း ဆက်လုပ်သွားမယ်”လို့ ပြောပါတယ်။ မူရာယာမ ကြေညာချက်ဟာ ဝန်ကြီးချုပ်ဟောင်း တိုမိအိချိ မုရာယာမက ထုတ်ပြန်တဲ့ ၁၉၉၅ တောင်းပန်စာကို ရည်ညွှန်းပြောဆိုတာပါ။ ဂျပန်ဝန်ကြီးချုပ်ဟာ နှစ်သစ်ဆုတောင်းမှုကို အိစဲမြို့က အိစဲဘုရားကျောင်းမှာ ဆုတောင်း ကန်တော့ခဲ့ပါတယ်။ အာရှပစိဖိတ်ဒေသနဲ့ ကမ္ဘာကြီးအပေါ် ဘယ်လို ဘာတွေ ထည့်ဝင်ဖြည့်ဆည်းမလဲဆိုတဲ့ ကြေညာချက်အသစ်အတွက် ကျနော်တို့ ဗဟုသုတတွေ အတွေးတွေကို စုစည်းမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။ ကျိုဒိုသတင်းဌာနကတော့ ဂျပန်အစိုးရဟာ တရုတ်နဲ့ တောင်ကိုရီးယားတို့နဲ့ ဆက်ဆံရေး အတွက် သက်ရောက်မှု ရှိနိုင်လို့ နီးနီးကပ်ကပ် စောင့်ကြည့်ရမယ့် ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကြေညာချက်အသစ်ကို ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up