A d v e r t i s e m e n t With Us

အမေရိကန်ရှိ ထိုင်ဝမ်သံရုံးတွင် ထိုင်ဝမ်အလံ လွှင့်ထူမှု တရုတ်အစိုးရ ကန့်ကွက်

A man walks past a row of Taiwan's national flagsအမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့တော်မှာ ရှိတဲ့ တရားဝင် မဟုတ်တဲ့ ထိုင်ဝမ်သံရုံးက နှစ်သစ်ကူးနေ့မှာ အလံကို လွှင့်ထူလိုက်လို့ တရုတ်အစိုးရက ကန့်ကွက်ရှုတ်ချ လိုက်ပါတယ်။ One China Policy ဖြစ်တဲ့ တရုတ်တနိုင်ငံတည်း တည်ရှိရေး မူဝါဒကို အမေရိကန်အနေနဲ့ လေးစားလိုက်နာဖို့  တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက  ဇန်န၀ါရီ ၅ ရက်နေ့ကက ပြုလုပ်တဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ကန့်ကွက် ပြောဆိုလိုက်ပါတယ်။ ထိုင်ဝမ်အခြေစိုက် China Post သတင်းစာကတော့ ၃၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် အဖြစ် သူတို့အလံကို အမေရိကန်မှာ လွှင့်ထူတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်ကို တရုတ်နိုင်ငံအဖြစ် အသိအမှတ်ပြုထားရာကနေ ၁၉၇၉ မှာ တရုတ်ပြည်မကြီးကို ပြောင်းလဲ အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up