A d v e r t i s e m e n t With Us

ဘာရိန်းအတိုက်အခံခေါင်းဆောင်ကို သက်တမ်းတိုးထိန်းသိမ်းမှု၊ အစိုးရဆန့်ရေးသမားများ ဆန္ဒပြ

A woman shouts anti-government slogans during a demonstration for Salman in the village of Bilad Al Qadeemဘာရိန်းနိုင်ငံတွင်း အဓိက အတိုက်အခံခေါင်းဆောင်ကို ထိန်းသိမ်းထားမှုကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့က သက်တမ်းတိုးလိုက်လို့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက ချီတက်မှုတွေ ဆက်လုပ်နေပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က မေးမြန်း စစ်ဆေးဖို့ ဆိုပြီး ဆင့်ခေါ်သွားတဲ့  အယ်လ်ဝီဖတ် အစ္စလာမ္မစ်လူ့အဖွဲ့အစည်းရဲ့ အတွင်းရေးမှူးချုပ် ရှိတ်အယ်လ် ဆယ်လ်မန်ကို ပြန်လွှတ်ပေးရေး ဆန္ဒပြသူတွေက တောင်းဆိုနေပါတယ်။ သူကို ထိန်းသိမ်းမှု ပထမ ၇ ရက် သက်တမ်းကုန်အပြီး ပြည်သူ့တရားရုံးက ဇန်န၀ါရီ ၅ ရက်နေ့က သူကို ဖမ်းထားတာကို နောက်ထပ် ၁၅ ရက် သက်တမ်းတိုးခဲ့တာပါ။ သူကို ဖမ်းဖို့ ဘာအမှုမှ မရှိဘဲ အဖွဲ့ခေါင်းဆောင်အနေနဲ့ ပြန်ပြီးရွေးကောက်ခံရမှုကို လက်စားချေတာလို့ အယ်လ်ဝီဖတ်က ပြောပါတယ်။ သူဟာ ၂၀၁၄ နိုဝင်ဘာက ပါလီမန်နဲ့ မြူနီစီပယ် ရွေးကောက်ပွဲတွေကိုလည်း သပိတ်မှောက်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရှေ့နေကတော့ အတိုက်အခံခေါင်းဆောင်ကို အမှု ၄ ခုနဲ့ စွပ်စွဲထားတယ်လို့ ပြောပါတယ်။ အစိုးရကို အင်အားသုံးပြောင်းလဲဖို့ ကြိုးစားမှု အမုန်းတရားနဲ့ လူအဖွဲ့အစည်းကွဲပြားရေး ဆောင်ရွက်မှု၊ ပြည်ထဲရေးဝန်ကြီးဌာနကို စော်ကားမှုနဲ့ တခြားလူတွေကို ဥပဒေကို ချိုးဖောက်အောင် သွေးဆောင်မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မြို့တော်တွင်းနေရာအများအပြားမှာ လုံခြုံရေး တိုးမြှင့်ထားပြီး မနာမာမြို့တော် ဆင်ခြေဖုံးမှာတော့ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ ရင်ဆိုင်တွေ့ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up