A d v e r t i s e m e n t With Us

ဥရောပသမဂ္ဂ ရဲကားကို ကဘူးလ်တွင် အသေခံဗုံးခွဲမှုကြောင့် ၁ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံရဲ့မြို့တော် ကဘူးလ်မှာ ဥရောပသမဂ္ဂ ရဲကားတစီးကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲမှု ပြီးခဲ့တဲ့ ဇန်န၀ါရီ၅ ရက်နေ့က ဖြစ်အပြီး အနည်းဆုံးလူတယောက် သေတယ်လို့ ဒေသခံရဲတွေက ပြောပါတယ်။ Car bomb targets EU vehicle in Kabul, one killedတခြား လူ ၅ ယောက်လည်း ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ တာလီဘန်တွေက ပြောပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့က စပြီး အာဖဂန်နစ္စတန်နိုင်ငံတွင်းက ထွက်ခွာမယ့် နိုင်ငံခြား တိုက်ခိုက်ရေးတပ်တွေဆီကနေ လုံခြုံရေးတာဝန်ကို လွှဲပြောင်းပြီး အပြည့်အဝ တာဝန်ယူ ထမ်းဆောင်ခဲ့ပါတယ်။ ဒါဟာ တာလီဘန်သူပုန်တွေကို တိုက်ဖို့ တာဝန်ယူထားတဲ့ အာဖဂန်စစ်သည် ၃ သိန်းခွဲရဲ့ အဆင်သင့်ဖြစ်မှု စမ်းသပ်ချက်လဲ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကုန်သွယ်ရေးစင်တာ မျှော်စင်ညီနောင် တိုက်ခိုက်ဖို့ စီမံသူတွေ ခိုလှုံရာ အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အစိုးရကို ဖယ်ရှားရေး အမေရိကန် ဦးဆောင်တပ်တွေဟာ နိုင်ငံတွင်း ၁၃ နှစ်ကျော်ကြာ စစ်ဆင်ရေး တရားဝင် အဆုံးသတ်ခဲ့ပါပြီ။ ၂၀၁၄ ခုနှစ်က တာလီဘန်သူပုန်တွေနဲ့ စစ်ပွဲတွေ ပြန်ပြင်းထန်လာချိန်မှာ အာဖဂန်အရပ်သား ၃၁၈၈ ယောက် သေဆုံးခဲ့လို့ တိုက်ပွဲဝင်စစ်သည်မဟုတ်တဲ့ လူသေမှု အများဆုံးနှစ်အဖြစ် ကုလသမဂ္ဂက လတ်တလောအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up