ရန်ကုန်စည်ပင် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ ကျမ်းသစ္စာကျိန်ဆို

နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲပြုလုပ်ပြီး တက်လာတဲ့ ရန်ကုန်စည်ပင် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေ ဒီနေ့ ဇန်န၀ါရီ ၆ ရက်နေ့က မြို့တော်ခန်းမှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ အရှေ့ပိုင်းခရိုင် ကိုယ်စားပြု ဦးဌေးအောင်၊ အနောက်ပိုင်းခရိုင် ကိုယ်စားပြု ဦးခင်လှိုင်၊ တောင်ပိုင်းခရိုင် ကိုယ်စားပြု ဒေါက်တာ အေးမင်း၊ မြောက်ပိုင်းခရိုင် ကိုယ်စားပြု ဦးခင်မောင်တင့်တို့ ရွေးကောက်တင်မြှောက်ခံခဲ့ရတာပါ။ ရန်ကုန်လူဦးရေ သိန်း ၅၀ ကျော်မှာ ၄ သိန်းကျော်က မဲရုံ ၁၀၈၆ ရုံမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွက် မဲပေးခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - အိမမမွန် [gallery ids="76081,76082"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up