A d v e r t i s e m e n t With Us

အာစင်နယ် တိုက်စစ်မှူး ပိုဒေါစကီး အင်တာမီလန်ကို အငှားစာချုပ်ဖြင့် ပြောင်းရွှေ့

Arsenal's Podolski celebrates his second goal against Galatasaray during their Champions League Group D soccer match at Ali Sami Yen Spor Kompleksi in Istanbulအာစင်နယ် တိုက်စစ်မှူး လူကပ်စ် ပိုဒေါစကီးဟာ အီတလီစီရီးအေကလပ် အင်တာမီလန်ကို ဒီနှစ်ရာသီမကုန်မီအထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂျာမန် တိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့ကို အာစင်နယ်အသင်း ကလည်း အတည်ပြုထားပါတယ်။ ပိုဒေါစကီးဟာ အာစင်နယ်ကို ၂၀၁၂ မှာ ရောက်ရှိလာပြီး ပွဲပေါင်း ၈၂ ပွဲမှာ ၃၁ ဂိုး သွင်းပေးထားပါတယ်။ ဒါပေမယ့် ဒီနှစ်ရာသီမှာ အာစင်နယ် နည်းပြ အာစင်ဝင်းဂါးက တိုက်စစ်နေရာမှာ ၀ဲလ်ဘက်နဲ့ ချိန်ဘာလိန်တို့လို လူငယ်တွေကို ပိုပြီး နေရာပေးလာတဲ့အတွက် ပိုဒေါစကီးအနေနဲ့ အသင်းပြောင်းဖို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ သူဟာ ဒီနှစ် ပရီးမီးယားလိဂ် ရာသီမှာ ၂ ပွဲပဲ ပွဲချိန်ပြည့် ကစားရသေးပြီး ၁၁ ပွဲမှာ လူစားနဲ့ ၀င်ရောက် ကစားခဲ့ရပါတယ်။ တိုက်စစ်မှူး ပိုဒေါစကီးဟာ အသင်းသစ် အင်တာမီလန်မှာ ကျောနံပတ် ၁၁ ကို ၀တ်ဆင်ရမှာပါ။

A d v e r t i s e m e n t With Us

More News
Up