A d v e r t i s e m e n t With Us

လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်း

လက်ကျန် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းရာမှာ ကော်မတီဝင်တွေကို အသိမပေးဘူးလို့ ကော်မတီဝင်တဦးက ပြောပါတယ်။ 500x333xz4-copy1.jpg.pagespeed.ic.I83d_Ium3vနိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီအစား နိုင်ငံရေး အကျဉ်းသားရေးရာ ကော်မတီအဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြ ထားပါတယ်။ ဒီလို ပြင်ဆင်ဖွဲ့စည်းလိုက်ပေမယ့် ကော်မတီဝင်ကို အသိပေးတာ မရှိဘူးလို့ ကော်မတီဝင် ဦးရဲအောင်က ပြောပါတယ်။ “အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို လုံးဝ တိုင်ပင်ခြင်း မရှိသေးပါဘူး။ သတင်းစာထဲမှာ နာမည်ပြောင်းလိုက်တယ်ဆိုတာ ဒါက အစိုးရက ပြောင်းတာပါ။ ကျနော်တို့  လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို ဘာတခုမှ အကြောင်းကြားခြင်း မရှိသေးပါဘူး။” ပြီးခဲ့တဲ့ ကော်မတီရဲ့ နောက်ဆုံးအစည်းအဝေးမှာ နိုင်ငံရေးအကျဉ်းသား အားလုံးနဲ့ ဆိုင်တဲ့ ခေါင်းစဉ်တခု ပြောဖို့ ဆွေးနွေးမှုတော့ ရှိခဲ့ပမယ့် တစုံတရာအတည်ပြုချက် မရှိသေးဘူးလို့လည်း ဦးရဲအောင်က ပြောပါတယ်။ “ဒါအစိုးရက သူ့ဘာသူ ကြေညာတာပါ။ ကျနော်တို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို မဖျက်သိမ်းရသေးပါဘူး။ ဒါကို ဖျက်သိမ်းဖို့အတွက် အစည်းအဝေး ခေါ်ရဦးမှာပါ။” ဒီကော်မတီကို နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာအရ ပြင်ဆင်ဖွဲ့စည်းတယ်လို့ ပါရှိပေမယ့် ဘာကြောင့် ဒီလို ပြင်ဆင်ဖွဲ့စည်းရလဲဆိုတာက ဖော်ပြထားခြင်း မရှိဘူးပါဘူး။ အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီဝင်များ (က) ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ဥက္ကဋ္ဌ - ဒုတိယဝန်ကြီး (ပြည်ထဲရေးဝန်ကြီးဌာန) (ခ) ဦးစစ်မြိုင် အဖွဲ့ဝင် - ဒုတိယဥက္ကဋ္ဌ (မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်) (ဂ) ဦးထွန်းလှအောင် အဖွဲ့ဝင် - ညွှန်ကြားရေးမှူးချုပ် (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) (ဃ) ဦးအောင်စောဝင်း အဖွဲ့ဝင် - ညွှန်ကြားရေးမှူးချုပ် (အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန) (င) ဦးခင်မောင်ဦး အဖွဲ့ဝင် - ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုရှေ့နေချုပ်ရုံး) (စ) ဦးမျိုးတင့် အဖွဲ့ဝင်- ညွှန်ကြားရေးမှူး (ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး) (ဆ) ဦးရဲနိုင် အဖွဲ့ဝင် - အထွေထွေမန်နေဂျာ (သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ပြန်ကြားရေးဝန်ကြီးဌာန) (ဇ) ဦးခင်မောင်လှ အဖွဲ့ဝင် (မြန်မာနိုင်ငံကြက်ခြေနီအသင်း) (ဈ) ဦးလှမောင်ရွှေ အဖွဲ့ဝင် (Myanmar Egress) (ည) ဦးရဲအောင် အဖွဲ့ဝင်  (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့) (ဋ) ဦးဥာဏ်ဝင်း အဖွဲ့ဝင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (ဋ္ဌ) ဦးစိုင်းညွန့်လွင် အဖွဲ့ဝင် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်) (ဍ) ဦးကိုကိုကြီး အဖွဲ့ဝင် - ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) (ဎ) ဒေါက်တာဝင်းနိုင် အဖွဲ့ဝင် (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ) (ဏ) ဦးသိန်းညွန့် အဖွဲ့ဝင် (အမျိုးသားဒီမိုကရေစီပါတီသစ်) (တ) ဦးကောင်းမြင့်ထွဋ် အဖွဲ့ဝင် (မြန်မာအမျိုးသားကွန်ဂရက်ပါတီ) (ထ) ဦးမင်းသိမ်း အဖွဲ့ဝင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) (ဒ) ဦးအောင်သန်း အဖွဲ့ဝင် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) (ဓ) ဒေါ်သန်းသန်းနု အဖွဲ့ဝင် - ဒီမိုကရက်တစ်ပါတီ( မြန်မာ) (န) ဒေါက်တာတူးဂျာ အဖွဲ့ဝင် (ကချင်ပြည်နယ်ဒီမိုကရေစီပါတီ) (ပ) ဒေါက်တာစောဆိုင်မွန်သာ အဖွဲ့ဝင် (ကရင်ပြည်သူ့ပါတီ) (ဖ) ဦးဇိုဇမ်း အဖွဲ့ဝင် (ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ) (ဗ) ဦးစိုင်းလှကျော် အဖွဲ့ဝင် (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ) (ဘ) ဦးထွန်းကျော် အဖွဲ့ဝင် (ကယားလူမျိုးစုဒီမိုကရေစီပါတီ) (မ) ဒေါက်တာမင်းစိုးလင်း အဖွဲ့ဝင် (မွန်အမျိုးသားပါတီ) (ယ) ဦးထွန်းအောင်ကျော် အဖွဲ့ဝင် (ရခိုင်အမျိုးသားပါတီ) (ရ) ဦးစောသန်းမြင့် အဖွဲ့ဝင် (ဖက်ဒရယ်ပြည်ထောင်စုပါတီ) (လ) ဦးသန်းဌေး အတွင်းရေးမှူး - ညွှန်ကြားရေးမှူးချုပ် (အကျဉ်းဦးစီးဌာန)

A d v e r t i s e m e n t With Us

More News
Up