A d v e r t i s e m e n t With Us

အမေရိကန်ရေတပ်ရေငုပ်သမားများ အဲအေရှားလေယာဉ် ပျံသန်းမှုမှတ်တမ်းသေတ္တာ ရှာဖွေ

AirAsia Blackboxအမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဖို့ထ်ဝါ့သ်က ရေတပ် ရေငုပ်သမားတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်ထဲ ပျက်ကျခဲ့တဲ့ အဲအေရှား လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း သေတ္တာနက်ကို ပင်လယ်ကြမ်းပြင်မှာ ရှာဖွေနေပါတယ်။ ရေတပ်အရာရှိတွေက seascan လို့ လူသိများတဲ့ ဆိုနာအသံလှိုင်းသုံး ရေအောက် ပုံရိပ်ဖမ်းပစ္စည်းကို တိုက်ခိုက်ရေးသင်္ဘောပေါ် တင်နေတာကိုလည်း တွေ့ရပါတယ်။ အမေရိကန်ရေတပ် ဒုတိယတန်းရေငုပ်သမား ဒယ်နီယယ် ကလာ့ခ်က seascan ဟာ ပင်လယ်ကြမ်းပြင်က ပုံရိပ်တွေကို ရေငုပ်အဖွဲ့ဆီကိုပေးဖို့ ဆိုနာအသံလှိုင်းကို သုံးတယ်လို့ ပြောပါတယ်။ ပင်လယ်ကြမ်းပြင်က ဂေါက်သီးဘောလုံးလောက် သေးတာကိုတောင် ရှာနိုင်တာမို့ လေယာဉ်ပျံလောက် ကြီးတာကို သေချာပေါက် ရှာနိုင်တယ်လို့ သူက ရှင်းပြပါတယ်။ ဒီပစ္စည်းဟာ အလင်းရောင် အားနည်းတဲ့ ရေအောက်အနက် ပေ ၂၀၀၀ ကို ပုံရိပ်ဖမ်းနိုင်တယ်လို့လည်း ပြောပါတယ်။ ယူအက်စ်အက်စ် ဖို့ထ်ဝါ့သ်ဟာ အဲအေးရှလေယာဉ်ပျက်ကို ရှာဖို့ ပူးပေါင်းတဲ့ ဒုတိယမြောက် အမေရိကန်သင်္ဘောပါ။ ယူအက်စ်အက်စ် ဆန်းပဆင့်ဟာ အင်ဒိုနီးရှားအစိုးရရဲ့ တောင်းဆိုချက်ကြောင့် ဒီဇင်ဘာ ၂၉ ရက်နေ့တည်းက အင်ဒိုနီးရှားကို ရောက်နေခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up