A d v e r t i s e m e n t With Us

အက်ဖ်အေဖလားပြိုင်ပွဲတွင် မန်ယူနှင့် ကိန်းဘရစ်ယူနိုက်တက်၊ အာစင်နယ်နှင့် ဘရစ် တို့ ဆုံမည်

The FA Cup outside Wembley Stadium in London as Budweiser announအက်ဖ်အေဖလားပြိုင်ပွဲအတွက် စတုတ္ထအဆင့် ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ မန်ယူက ဒုတိယတန်းကလပ် ကိန်းဘရစ်ယူနိုက်တက်၊ လက်ရှိ ချန်ပီယံ အာစင်နယ်က ချန်ပီယံရှစ်တန်းက ဘရစ်နဲ့ ဆုံရမှာ ဖြစ်ပါတယ်။ မန်ယူဟာ စတုတ္ထအဆင့်မှာ တခြားအသင်းတွေနဲ့စာရင် အတန်းအနိမ့်ဆုံးအသင်းနဲ့ ဆုံရတာဖြစ်လို့ ပွဲချောင်ပါတယ်။ ဒီနှစ်သင်း ၁၉၉၁ တုန်းက လိဂ်ဖလားပြိုင်ပွဲမှာ နောက်ဆုံး တွေ့ဆုံထားပြီး မန်ယူက နှစ်ပွဲပေါင်း ရလဒ် ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ ချဲလ်ဆီးကတော့ မီဝေါနဲ့ ဘရက်ဖို့ စီးတီး ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ တွေ့မှာ ဖြစ်ပြီး မန်စီးတီးက မစ်ဒယ်ဘရော့နဲ့ ယှဉ်ပြိုင်ရမှာပါ။ လီဗာပူးကတော့ ချန်ပီယံရှစ်တန်းက ဘော်လ်တန်နဲ့ ဆုံရမှာပါ။ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေကို လာမယ့် ဇန်န၀ါရီ ၂၄ နဲ့၂၅ ရက်နေ့တွေမှာ စတင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up