A d v e r t i s e m e n t With Us

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဌာနက ရန်ကုန်တွင် အိမ်ယာစီမံကိန်း ၆ ခု အကောင်အထည်ဖော်

300x198xchief-bulding-300x198.jpg.pagespeed.ic.cpow0PRZK7ရန်ကုန်မြို့ရဲ့ အိမ်ယာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဌာနက အိမ်ယာစီမံကိန်း ၆ ခုကို အကောင်အထည်ဖော်နေပါတယ်။ ဒီစီမံကိန်း ၆ ခုက လာမယ့် ၂၀၁၆ ခုနှစ်အကုန် ပြီးစီးမှာဖြစ်ပြီး အခန်းပေါင်း ၂ သောင်းကျော် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ဒီအရေအတွက်က ရန်ကုန်မြို့ရဲ့ အိမ်ယာဈေးနှုန်းကြီးမြင့်နေမှုအပေါ် သက်ရောက်နိုင်မှု မရှိလို့ အိမ်ခြံမြေဈေးနှုန်းက ပေါက်ကွဲစေနိုင်တဲ့ အလားအလာ မရှိသေးတဲ့အကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း တချို့က  ထောက်ပြပြောဆို ပါတယ်။ “တည်ငြိမ်တဲ့ အိမ်ယာဈေးနှုန်းတခုရာက်ဖို့ဆိုရင် အစိုးရအနေနဲ့ အိမ်ယာ လိုအပ်ချက်ကို များစွာဖော်ဆောင်ပေးဖို့လိုပါတယ်”လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် ဦးသန်းဦးက ပြောပါတယ်။ လက်ရှိ ရန်ကုန်မြို့ရဲ့တန်ဖိုးမြင့်အိမ်ယာ အရောင်းဈေးနှုန်းက ၁ ပေ ပတ်လည်ကို ကျပ် ၄ သိန်း အထက်မှာ ရှိနေပြီး အငှားဈေးနှုန်းကတော့ ၁ ပေပတ်လည်ကို ကျပ် ၁၀၀ ကနေ ၃၀၀ အကြားမှာ ရှိပါတယ်။   ရန်ကုန်မြို့နေလူထုအတွက် အိမ်ယာလိုအပ်ချက်က ၁ နှစ်ကို အခန်းပေါင်း ၂ သောင်းနဲ့ ၃ သောင်းကြားမှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up