
ဇန်န၀ါရီလ ၅ ရက်နေ့ညက အက်ဖ်အေဖလား တတိယအအဆင့်ပွဲစဉ်မှာ လီဗာပူးဟာ အသင်း ခေါင်းဆောင် စတီဗင် ဂျရတ်ရဲ့ သွင်းဂိုးတွေနဲ့ ၀င်ဘယ်ဒန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွား ပါတယ်။ အနိုင်ဂိုး ၂ ဂိုးစလုံးကို ဂျရတ်က သွင်းယူတာ ဖြစ်ပြီး လီဗာပူးအသင်းကို အက်ဖ်အေဖလား စတုတ္ထအဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဂျရတ်ဟာ ဒီနှစ်ရာ သီအကုန်မှာ အသင်းပြောင်းတော့မယ်လို့ အတည်ပြုပြီးမှာ ဂိုးတွေ သွင်းယူနိုင်တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂျရတ်ရဲ့ စွမ်းဆောင်ရည်နဲ့ အသင်းခေါင်းဆောင် ပီသမှုကို ပြသနိုင်ခဲ့ပါတယ်။
လီဗာပူးဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ဘော်လ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အက်ဖ်အေဖလား တတိယအဆင့်မှာပဲ တော့တင်ဟမ်က ဘန်လေနဲ့ တဂိုးစီ သရေကျသွားပါတယ်။
တော့တင်ဟမ်က ဦးဆောင်ဂိုး အရင် သွင်းနိုင်ပေမယ့် ဘန်လေက နောက်ကနေ လိုက်ကစားပြီး သရေကျခဲ့တာပါ။ သရေရလဒ်ကြောင့် တတိယအဆင့် ပွဲစဉ်ကို ပြန်လည် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။