A d v e r t i s e m e n t With Us

အမေရိကန်၏ ပိတ်ပင်အရေးယူမှုအသစ်များကို ရန်လိုသည့်လုပ်ရပ်ဟု မြောက်ကိုရီးယား စွပ်စွဲ

ဆိုနီရုပ်ရှင်ကုမ္ပဏီရဲ့ ကွန်ပြူတာကွန်ရက်ထိုးဖောက်ခံရမှုနဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ပင်အရေးယူမှုသစ်တွေဟာ ခြေခြေမြစ်မြစ်မရှိပဲ အမေရိကန်ရဲ့ရန်လိုတဲ့လုပ်ရပ် ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ဇန်န၀ါရီလ ၄ ရက်နေ့က စွပ်စွဲလိုက်ပါတယ်။ file_usa_north_korea_relations_47510783မြောက်ကိုရီးယားအဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၁၀ ဦးကို အမေရိကန်အစိုးရက ထပ်မံပိတ်ပင်လိုက်တာပါ။ ဆိုနီကွန်ပြူတာကွန်ရက်ထိုးဖောက်မှုကို မြောက်ကိုရီးယားအစိုးရက နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ FBI အဖွဲ့က စွပ်စွဲခဲ့တာပါ။ မြောက်ကိုရီးယားနိုင်ငံကလည်း ပြီးခဲ့တဲ့တပတ်က အင်တာနက်လိုင်းတွေကျခဲ့တဲ့ကိစ္စဟာ အမေရိကန်နိုင်ငံရဲ့ လက်ချက်လို့ ပြန်ပြီးစွပ်စွဲခဲ့ပါတယ်။ ဒီပိတ်ပင်အရေးယူမှုသစ်တွေဟာ မြောက်ကိုရီးယားနိုင်ငံကို အရင်ထက်ပိုပြီး ခက်ထန်လာဖို့ပဲ ဖြစ်လိမ့်မယ်လို့လည်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ကြေညာခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီတခုရဲ့ ကွန်ပြူတာကွန်ရက် ထိုးဖောက်ခံရမှုနဲ့ အမေရိကန်နိုင်ငံက တခြားတနိုင်ငံအပေါ် ပိတ်ပင်အရေးယူမှုဟာလည်း ဒါဟာ ပထမဆုံးလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ နျူးကလီးယားအစီအစဉ်တွေကြောင့် နဂိုကတည်းကလည်း အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရတာလည်းဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up