A d v e r t i s e m e n t With Us

လက်ပံတောင်းတောင်အကြမ်းဖက်မှု မုံရွာတွင် ကန့်ကွက်ဆန္ဒပြ

ဓာတ်ပုံ - MATA
[caption id="attachment_76046" align="alignright" width="481"]ဓာတ်ပုံ - MATA ဓာတ်ပုံ - MATA[/caption] လက်ပံတောင်းတောင် အကြမ်းဖက်မှုနဲ့ အဓမ္မမြေသိမ်းဆည်းမှု ဆန့်ကျင်ရေး အပါအ၀င် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်သည့် စီမံကိန်းတွေ လုပ်ဆောင်နေမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ မုံရွာမြို့မှာ လူပေါင်း ၃၀၀ လောက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို EITI လို့ခေါ်တဲ့ သဘာဝသယံဇာတများ ထုတ်ယူရေး ပွင့်လင်းမြင် သာမှု အဖွဲ့ရဲ့ လုပ်ငန်းစဉ်မှာပါဝင်တဲ့ ပူးပေါင်း အဖွဲ့အစည်းကနေပြီး ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုထွန်းမြင့်အောင်က ပြောပါတယ်။ “ အီးအိုင်တီအိုင် စံချိန်စံနှုန်းအနစ်သာရနဲ့  ဒီကနေ့ လက်ပံတောင်းတောင်မှာ ဖြစ်ပေါ်နေတဲ့ ပြဿ      နာတွေက တလွဲစီဖြစ်နေတယ်။ တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးစီးပွားကို မဖြစ်ထွန်းတဲ့အပြင် ဒေသခံတွေရဲ့ လယ်မြေယာမြေတွေလည်း ဆုံးရှုံးရတယ်။ အခုဆိုရင် အသက်ပါဆုံးရှုံးရတဲ့အထိ ဖြစ်လာတယ်။ ကုမ္ပဏီ လူတစုအတွက်ပဲ အကျိုးအမြတ်ထုတ်ယူသလို ဖြစ်နေတယ်။” လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ဆန္ဒပွဲအပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာတော့   လက်ပံတောင်းတောင်ဒေသက ပြည်သူတွေကို သွားရောက် တွေ့ဆုံ အားပေးခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up