
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ တမန်တော် မိုဟာမက်သခင်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ လူထောင်နဲ့ ချီပြီး ချီတက်ခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံကို ဝှေ့ယမ်းရင်း ဘာသာရေးကြွေးကြော်သံတွေကို တိုင်တည်ရင်းနဲ့ ချီတက်ကြပါတယ်။
ချီတက်ပွဲမှာ ပါဝင်သူတယောက်က တမန်တော် မိုဟာမက်သခင်ရဲ့ မွေးနေ့အထိမ်းအမှတ် ချီတက်တာ ဖြစ်သလို၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်၊ မွတ်စလင်တွေ ငြိမ်းချမ်းဖို့နဲ့ အကြမ်းဖက်မှု ကင်းမဲ့တဲ့ ကမ္ဘာကြီး ဖြစ်ဖို့ ဆုတောင်းပါတယ်လို့ ပြောပါတယ်။
ဒါကာမြို့တော်မှာ သာမက တခြားမြို့တွေမှာလည်း ငြိမ်းချမ်းစွာ ချီတက်ပွဲတွေ ပြုလုပ်ခဲ့ ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေမှာ ဖော်ပြပါတယ်။