
စကော့တလန်နိုင်ငံမြောက်ပိုင်း ကမ်းလွန်ဒေသမှာ ကုန်တင် သင်္ဘောတစီး မှောက်ခဲ့ပြီး လိုက်ပါသွားတဲ့ လူ ၈ ယောက်လုံး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃ ရက်နေ့ တနေလုံး ကယ်ဆယ်ရေးသင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေက ရှာဖွေခဲ့ပေမ့ယ် တယောက်မှ ပြန်မတွေ့သေးပါဘူး။
သင်္ဘောဟာ ၀စ်မြို့ရဲ့ အရှေ့မြောက်ပိုင်း ၁၅ မိုင် အကွာမှာ တိမ်းမှောက်ခဲ့တာပါ။ သင်္ဘောပေါ်မှာ ပိုလန်နိုင်ငံသား ၇ ယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁ ယောက် လိုက်ပါသွားတယ်လို့ သင်္ဘောပိုင်ရှင်က ပြောဆိုပြီး ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်။