A d v e r t i s e m e n t With Us

နယူးယောက် ရဲတပ်ဖွဲ့ဝင်များ မြို့တော်ဝန်ကို ကျောပေး ဆန္ဒပြ

ပြီးခဲ့တဲ့လက လူမည်းတဦးရဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့တဲ့ ရဲအရာရှိ ၀မ်ဂျန်လျုရဲ့ အသုဘအခမ်းအနားကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့က နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ US polliceပြီးခဲ့တဲ့ရက်တွေအတွင်း ရဲဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ တသားထဲ ရှိတယ်လို့ နယူးယောက်မြို့တော်ဝန်ရဲ့ ပြောဆိုမှုကို ကန့်ကွက်တဲ့အနေနဲ့ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေ မြို့တော်ဝန်ကို ကျောပေး ဆန္ဒပြခဲ့ကြတာပါ။ မြို့တော်ဝန် ဘီးလ် ဒီ ဘလာစီယိုကတော့ နယူးယောက်မြို့သူ မြို့သားတွေအတွက် တကယ့်ကို ၀မ်းနည်းကြေကွဲရတဲ့ရက်တရက် ဖြစ်ပါတယ်လို့ နာရေးမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ ပစ်သတ်ခံခဲ့ရတဲ့ အသက် ၃၂ နှစ်အရွယ် ရဲအရာရှိ လျုဟာ အမေရိကန်မှာ လာရောက် အခြေချနေထိုင်တဲ့ တရုတ်လူမျိုး မိဘနှစ်ပါးက ဖွားမြင်ခဲ့ပြီး အသက် ၁၂ နှစ်အရွယ်မှာ အမေရိကန်နိုင်ငံကို ရောက်လာခဲ့တာပါ။ ဒီဇင်ဘာ ၂၀ ရက်နေ့က ရဲအရာရှိ ရာဖယ်လ် ရာမို့စ်နဲ့အတူ နယူးယောက်မြို့မှာ တာဝန်ချိန်အတွင်း အမေရိကန်လူမည်းတဦးရဲ့ အနီးကပ် ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပစ်ခတ်ခဲ့တဲ့ လူမည်းသေနတ်သမားကလည်း ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေ နယူးယောက်မြို့တော်ဝန်ဖက်ကို ကျောပေးဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး နယူးယောက်မြို့တော် ရဲမင်းကြီး ဘီလ် ဘရန်တန်ကတော့ ရဲတပ်ဖွဲ့အပေါ် အရိုအသေတန်မဲ့ လုပ်ရပ်မျိုးတွေကို နောက်ထပ်မလုပ်ကြဖို့နဲ့ ဒီ သူရဲကောင်း လျူရဲ့ အသုဘအခမ်းအနားဟာ ဆန္ဒပြအခမ်းအနား မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ လျူရဲ့ အသုဘအခမ်းအနားမှာ အမေရိကန်ရဲတပ်ဖွဲ့ဝင် ၂ သောင်းကျော် တက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသခဲ့ပါတယ်။ လျုရဲ့ဇနီး လည်း ၀မ်းနည်းစကားပြောဆိုခဲ့ပါတယ်။ နယူးယောက်မြို့တော်ဝန် ဘလာစီယိုရဲ့ အဖိနှိပ်ခံလူမည်းတွေနဲ့ တသားထဲရှိကြောင်း ထုတ်ဖော်ပြောဆိုမှုဟာ ရဲတပ်ဖွဲ့ဝင်တွေအပေါ် အကြမ်းဖက်မှုကို ပိုပြီး သွေးထိုးပေးသလို ဖြစ်စေတယ်ဆိုတဲ့ ကန့်ကွက်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up