A d v e r t i s e m e n t With Us

ၾသစေၾတးလ် တောမီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်များ ကူးစက်၊ လူ ၂ ဦး ပျောက်ဆုံး

Two people missing and homes destroyed after fires sweep through South Australiaသြစတြေးလျနိုင်ငံ တောင်ပိုင်းဒေသမှာ တောမီးလောင်ကျွမ်းနေတာ လူ ၂ ယောက် ပျောက်ဆုံးပြီး အိမ်အတော်များများ မီးထဲ ပါသွားပြီးလို့ ဒေသခံမီဒီယာတွေက အစီရင်ခံပါတယ်။ အဒလိတ်မြို့အရှေ့မြောက်ပိုင်းက တောင်ပေါ်ဒေသမှာ တောမီးလောင်နေတာ ၃ ရက် ရှိနေပြီး  သြစတြေးလျနိုင်ငံတ၀ှမ်းက မီးသတ်သမားတွေ ရာနဲ့ ချီပြီး မီးကို ငြိမ်းသတ်ဖို့ ကြိုးစားနေရပါတယ်။ နောက်ထပ်ရက်ပေါင်းများစွာ ဆက်လောင်နိုင်သေးတယ်လို့ သြစတြေးလျ မီဒီယာတွေက အစီရင်ခံပါတယ်။ ဒေသခံအတော်များများဟာလည်း အိုးအိမ်တွေနဲ့ ပစ္စည်းတွေကို စွန့်ပစ်ပြီး ဘေးလွတ်ရာ ရှောင်သွားကြရပါတယ်။ တချို့ဒေသခံတွေက ပစ္စည်းတွေကို သွားယူဖို့ ကြိုးစားကြလို့ မီးသတ်သမားတွေက လမ်းတွေကို ပိတ်ထားရပါတယ်။ ဒီတောမီးတွေဟာ ၁၉၈၃ နောက်ပိုင်း အကြီးဆုံးတောမီးလောင်ကျွမ်းမှုလို့ ပြည်နယ် မီးသတ်တပ်မှူးက ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up