A d v e r t i s e m e n t With Us

တရုတ်နိုင်ငံရှိ ဘဏ်အတွင်း ၀င်ရောက်လုယက်သူကို ဘဏ်ဝန်ထမ်းများ ဖမ်းဆီး

bank-robber-foiledတရုတ်နိုင်ငံမြောက်ပိုင်းက ဟီဘိုင်ပြည်နယ်ထဲမှာ ဇန်န၀ါရီ ၂ ရက်နေ့က ဘဏ်ထဲဝင်ပြီး လုယက်ဖို့ ကြိုးစားသူတယောက်ကို ဘဏ်ဝန်ထမ်းတွေနဲ့ ပြည်သူတွေက ၀ိုင်းဝန်း ဖမ်းဆီးလိုက်ပါတယ်။ အဲဒီအမျိုးသားဟာ လန်းဖန်းမြို့ထဲက ၀မ်းအန်းနယ်မြေမှာ ရှိတဲ့ ဘဏ်ထဲကို  နေ့ခင်းအချိန်မှာ ကောင်တာ ပြတင်းတံခါးကို တူနဲ့ ဖျက်စီးပြီးဝင်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ဘဏ်ဝန်ထမ်း အမျိုးသမီး က ရဲကို ချက်ချင်း အကြောင်းကြားခဲ့ပြီး အနီးနားက ရဲတပ်ဖွဲ့ နဲ့ နယ်မြေခံတွေက ၀ိုင်းဝန်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ အနှစ် အမျိုးသားကို ထိန်းသိမ်းထားပြီး စုံစမ်းနေတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up