တော်ရက်စ်ကို အက်သလက်တီကိုအသင်း ပရိသတ်မိတ်ဆက်ပွဲ ပြုလုပ်

1.8K
အက်သလက်တီကို မက်ဒရစ်အသင်းက တိုက်စစ်မှူး ဖာနန်ဒို တော်ရက်စ်ကို ပရိတ်သတ် တွေနဲ့ မိတ်ဆက်ပွဲ ဇန်ဝါရီလ ၄ ရက်နေ့က ပြုလုပ်ပေးခဲ့ပါတယ်။ တိုက်စစ်မှူး တော်ရက်စ်ဟာ အသင်းဟောင်း အက်သလက်တီကိုကို အေစီမီလန်ကနေ အငှားစာချုပ်နဲ့ ပြန်လည် ရောက်ရှိ လာတာပါ။
တော်ရက်စ်ဟာ ငယ်စဉ်ဘ၀က ကစားခဲ့တဲ့ အက်သ လက်တီကို အသင်းရဲ့ အိမ်ပြန်ခရီးကို ပရိတ်သတ်တွေ သောင်းနဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။ တော်ရက်စ်ဟာ အက်သလက်တီကို အသင်းမှာ ကျောနံပါတ် ၁၉ ကို ၀တ်ဆင်ရ မှာ ဖြစ်ပါတယ်။ သူဟာ အက်သလက်တီကို မှာ အသက် ၁၇ နှစ်အရွယ်ကစပြီး ကစားသမားဘ၀ကို စတင်ခဲ့ပြီး အသင်းအတွက် ၉၁ ဂိုး သွင်းပေးထားပါတယ်။
၂၀၀၄ မှာ လီဗာပူးကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၁ မှာ ချဲလ်ဆီးကနေ ဗြိတိသျှ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀နဲ့ ခေါ်ယူခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးမှာ ရှိနေစဉ် အသင်းအတွက် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဖလားတွေကို ဆွတ်ခူးနိုင်အောင် ကူညီခဲ့ပါတယ်။
အက်သလက်တီကို တိုက်စစ်မှူး တော်ရက်စ်ဟာ ပွဲဦးထွက်အနေနဲ့ လာမယ့် ဇန်န၀ါရီ ၇ ရက်နေ့ ရီရဲလ်မက်ဒရစ်နဲ့ စပိန်ဘုရင့် ဖလားပြိုင်ပွဲမှာ ပါဝင်ကစားရဖွယ် ရှိနေပါတယ်။