A d v e r t i s e m e n t With Us

စပိန်လာလီဂါ ပွဲစဉ်တွင် ဗယ်လန်စီယာက ရီရဲလ်မက်ဒရစ်ကို အနိုင်ရ

ဇန်န၀ါရီလ ၄ ရက်နေ့ညက စပိန်လာလီဂါ ပွဲစဉ်မှာ ဗယ်လန်စီယာက ရီရဲလ်မက်ဒရစ်ကို အနိုင်ရလိုက်တဲ့အတွက် ရီရဲလ်မက်ဒရစ်ရဲ့ ၂၂ ပွဲဆက်တိုက် နိုင်ပွဲရတဲ့ စံချိန်လည်း ရပ်တန့် သွားပါတယ်။ _80049803_barragan_celebration_gettyအဝေးကွင်းမှာ ကစားတဲ့ ဒီပွဲမှာ ရီရဲလ်က ရော်နယ်ဒိုရဲ့ ပင်နယ်တီနဲ့ ဦးဆောင်နိုင်ပေမယ့် ဗယ်လန်စီယာက နောက်ကနေ လိုက်ကစားပြီး အနိုင်ရခဲ့တာပါ။ နည်းပြ အန်စလော့တီရဲ့ ရီရဲလ်အသင်းအတွက်တော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ နောက်ပိုင်းမှာ ပထမဆုံး ရှုံးပွဲတွေ့တာ ဖြစ်ပါတယ်။ ရီရဲလ်က ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေပါ ပိုရခဲ့တာပါ။ ရီရဲလ်အသင်းလိုပဲ ပြိုင်ဖက် ဘာစီလိုနာလည်း ရီရဲလ်ဆိုစီဒက်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပါတယ်။ ဘာစီလိုနာက အယ်ဘာ ကိုယ့်ဂိုးကိုယ် သွင်းမိတဲ့ တလုံးတည်းသေားဂိုးနဲ့ ရှုံးသွားတာပါ။ လောလောဆယ် အမှတ်ပေးဇယားမှာ တပွဲလျော့ ရီရဲလ်က ၃၉ မှတ်နဲ့ ဦးဆောင်နေပြီး ဘာစီလိုနာက ၃၈ မှတ်နဲ့ ဒုတိယ၊ အက်သလက်တီကို မက်ဒရစ်ကလည်း ၃၈ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up