အက်ဖ်အေဖလားပွဲစဉ်များတွင် မန်စီးတီး၊ ချဲလ်ဆီး၊ မန်ယူနှင့် အာစင်နယ်တို့ အနိုင်ရ

1.4K
တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွေမှာ အသင်းကြီးတွေထဲက မန်စီးတီး၊ ချဲလ်ဆီး၊ မန်ယူနဲ့ အာစင်နယ်တို့ နိုင်ပွဲကိုယ်စီနဲ့ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။
မန်စီးတီးက ရှဖီး Wednesday အသင်းရဲ့ ဦးဆောင်ဂိုး သွင်းတာကို ခံရပြီး နောက်ကနေ လိုက်ကစားပြီးမှ ဂျိမ်းစ် မေနာရဲ့ သွင်းဂိုးတွေကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတာပါ။ ချဲလ်ဆီးကတော့ အိမ်ကွင်းမှာ ပြတ်ပြတ်သားသားပဲ ၀က်ဖို့ဒ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
မန်ယူကတော့ ပထမတန်းကလပ် ယိုဗယ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်ယူဟာ ဒီပွဲမှာ အရန်အများနဲ့ ပွဲထွက်လာပြီး ဒဏ်ရာကနေ သက်သာလာတဲ့ ဒီမာရီယာလည်း ပါဝင် ကစားသွားပါတယ်။
မန်ယူအတွက် ဦးဆောင်ဂိုးကို ကွင်းလယ်သမား ဟာရဲရာက သွင်းယူပါတယ်။ အဝေးကွင်း ဖြစ်ပေမယ့် မန်ယူက ဘောလုံးပိုင်ဆိုင်မှုနဲ့ ခြေစွမ်းပိုင်းမှာ အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။
ယိုဗယ်အသင်းရဲ့ ကန်သွင်းချက်တွေကိုလည်း မန်ယူ နောက်တန်း ကာကွယ်နိုင်လို့ ချေပဂိုး မပေးရတာပါ။ မန်ယူအတွက် ဒုတိယဂိုးကို တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်သမား ဒီမာရီယာက ထိုးဖောက်ပြီး သွင်းယူတာ ဖြစ်ပါတယ်။
