A d v e r t i s e m e n t With Us

နိုင်ငံရေးအကျဉ်းသား ၁၆၄ ဦး အမြန်ဆုံး ပြန်လွှတ်ပေးရေး လှုပ်ရှားမှုစတင်

AAPP campaignနိုင်ငံတ၀ှမ်းက အကျဉ်းထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆၄ ယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးရေး လှုပ်ရှားမှုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့တို့က ဇန်န၀ါရီ ၄ ရက်နေ့မှာ စတင် လိုက်ပါတယ်။ လက်ရှိ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမည်ကို အကျဉ်းသားဟောင်းတွေက လက်ဝါးမှာရေးပြီး လွှတ်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို ၃ ရက်ကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင့် လက်ရှိမှာ တရားရင်ဆိုင်နေရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂ ရာကျော်ရဲ့ အမှုတွေကို ရုပ်သိမ်းပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ အလားတူ လှုပ်ရှားမှုမျိုးကို နိုင်ငံရေးအကျဉ်းသားတွေ ထောင်နဲ့ချီပြီး ရှိတဲ့ ၂၀၁၀ ခုနှစ်က စတင် လုပ်ဆောင်ခဲ့ဖူး ပါတယ်။

A d v e r t i s e m e n t With Us

More News
Up