အာစင်နယ်က ဟားစီးတီးကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ

693
အက်ဖ်အေဖလား တတိယအဆင့်မှာပဲ အာစင်နယ်က ဟားစီးတီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ လက်ရှိ ချန်ပီယံ အာစင်နယ်အသင်း ဒီပွဲမှာ အရန်နဲ့ အဓိက ကစားသမားတချို့နဲ့ ပေါင်းစပ်ပြီး ပွဲထွက်လာတာပါ။
အာစင်နယ်က ပထမပိုင်းအစမှာ ရတဲ့ အခွင့်အရေးတွေကို တဖက် ဂိုးသမား ကာကွယ်နိုင်တာနဲ့ ဆန်းချက်ဇ်ရဲ့ ကန်သွင်းချက်တွေ မသေချာလို့ စောစောစီးစီး ရမယ့် ဦးဆောင်ဂိုးတွေနဲ့ လွဲနေရတာပါ။
မိနစ် ၂၀ လောက်မှာ အဖွင့်ဂိုးကို နောက်တန်းသမား မာတီဆတ်ကာက သွင်းယူပါတယ်။ နောက်ထပ် အခွင့် အရေးအဖြစ် ရိုဆက်စကီးရဲ့ ဖန်တီးမှုကနေ ဆန်းချက် ကန်သွင်းယူပေမယ့် ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
အာစင်နယ်အတွက် အနိုင်ရလဒ်ကို သေချာစေတဲ့ ဒုတိယဂိုးကို ဆန်းချက်က သွင်းယူပြီး ၂ ဂိုးပြတ်နဲ့ အနိုင်ယူပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။