A d v e r t i s e m e n t With Us

အီဘိုလာရောဂါကို ၂၀၁၅ ခုနှစ်ထဲတွင် ထိန်းချုပ်နိုင်မည်

အနောက်အာဖရိကနိုင်ငံတွေမှာ အဓိကဖြစ်ပွားနေတဲ့ အီဘိုလာရောဂါကို ၂၀၁၅ ခုနှစ်ထဲမှာ ထိန်းချုပ်နိုင်မယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အီဘိုလာရောဂါ ကာကွယ်တားဆီးရေးအဖွဲ့ ခေါင်းဆောင်က ဇန်န၀ါရီလ ၂ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ebola1အီဘိုလာထိန်းချုပ်ရေးအဖွဲ့ခေါင်းဆောင် အန်တိုနီ ဘန်ဘူရီ က အီဘိုလာရောဂါ လုံးဝကင်းစင်သွားပြီဆိုတဲ့ အခြေအနေတော့ မလွယ်သေးပေမယ့် ၂၀၁၅ နှစ်ကုန်မှာ နောက်ထပ်ကူးစက်မှုသစ် မရှိတော့တဲ့အထိအဆင့်ထိ လျော့ချနိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောဆိုတာပါ။ ၂၀၁၃ နှစ်ကုန်ပိုင်းက ပြန်လည်ဖြစ်ပွားလာတဲ့ အီဘိုလာရောဂါကြောင့် အနောက်အာဖရိက နိုင်ငံတွေ ဖြစ်ကြတဲ့ ဆီယာယာလီယွန်း၊ လိုင်ဘေးရီးယားနဲ့ ဂီနီနိုင်ငံတွေမှာ လူ ၈၀၀၀ လောက် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစပြီး အီဘိုလာရောဂါဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ခေါင်းဆောင်အဖြစ် ၃ လတာ တာဝန်ခဲ့တာပါ။ တာဝန်ယူခဲ့တဲ့ ၃ လတာကာလအတွင်း ၁၀၀ ရာခိုင်နှုန်း စိတ်ချရတဲ့ သေဆုံးသူမြှုပ်နှံဖို့ ရည်မှန်းချက်လည်း မပြည့်မီခဲ့သလို ရောဂါသည် ၇၀ ရာခိုင်နှုန်းကို ဆေးကုသမှုပေးနိုင်ရေးရည်မှန်းချက်လည်း မဖြစ်ခဲ့ဘူးလို့ အန်တိုနီ ဘန်ဘူရီ က ၀န်ခံပါတယ်။ ဒါပေမယ့် ၃ လတာကာလအတွင်း နိုင်ငံတကာရဲ့ အကူအညီရရှိမှုကတော့ အထူးကို အောင်မြင်ခဲ့တယ်လို့ ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၅ နှစ်ကုန်မှာ အီဘိုလာရောဂါကို လုံးဝထိန်းချုပ်နိုင်မယ်ဆိုတာကို အပြည့်အ၀ယုံကြည်တယ်လို့  ပြောဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အီဘိုလာရောဂါကူးစက်ခံရသူ အယောက် ၂ သောင်းကျော် သွားပြီလို့ ဒီတပတ်အစောပိုင်းက ထုတ်ပြန်ပါတယ်။ အဲ့ဒီထဲက ၃ ပုံ ၁ ပုံကျော်ဟာ ဆီယာယာလီယွန်းနိုင်ငံက ဖြစ်တာကြောင့် အီဘိုလာရောဂါကို အဆိုးဆုံးခံရတဲ့ နိုင်ငံလို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up