A d v e r t i s e m e n t With Us

အမေရိကန်သံရုံးများကို ဗုံးခွဲတိုက်ခိုက်မှုဖြင့် တရားစွဲခံထားရသူ သေဆုံး

၁၉၉၈ ခုနှစ်က အရှေ့အာဖရိကနိုင်ငံ ၂ နိုင်ငံက အမေရိကန်သံရုံးတွေကို ဗုံးခွဲတိုက်ခိုက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ လစ်ဗျားနိုင်ငံသားဟာ တရားရုံးမတက်ခင် ရက်ပိုင်းအလိုမှာပဲ ဇန်န၀ါရီလ ၃ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ src.adapt.480.lowအသက် ၅၀ အရွယ် အဘူ အန်နက်စ် အလ်လီဘိုင် ဟာ ၂၀၁၃ ခုနှစ်က သူ့ကို မဖမ်းဆီးနိုင်ခင်က FBI ထောက်လှမ်းရေးဌာနက ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅ သန်း ထုတ်ခံထားရသူဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်က ကင်ညာနဲ့ တန်ဇေးနီးယားနိုင်ငံတွေက အမေရိကန်သံရုံးတွေ ဗုံးခွဲတိုက်ခိုက်ခံရမှုမှာ လူ ၂၂၄ ဦးသေဆုံးပြီး ၅ ထောင်ကျော် ဒဏ်ရာရရှိခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှု စွဲချက်နဲ့ လစ်ဗျားနဲ့ ဆော်ဒီ စီးပွားရေးလုပ်ငန်းရှင် ကလစ် အယ်ဖော်ဝါ့ဇ် တို့ကို လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ရုံးတင်ဖို့ စီစဉ်ထားတာပါ။ သူတို့ ၂ ဦးလုံးကတော့ ဗုံးခွဲတိုက်ခိုက်မှုမှာ အပြစ်မရှိကြောင်း ပြောဆိုထားပါတယ်။ လစ်ဗျားဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အစာငတ်ခံဆန္ဒပြခဲ့တယ်လို့ ထုတ်ဖော်ပြောဆို ခဲ့ပြီး နယူးယောက်မြို့ဆေးရုံတရုံမှာ အသဲကင်ဆာရောဂါနဲ့ သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၃ အောက်တိုဘာလ ၅ ရက်နေ့က အမေရိကန်ကွန်မန်ဒိုတွေက လစ်ဗျားနိုင်ငံ၊ တရီပိုလီမြို့မှာ သူ့ကို ဖမ်းဆီးခဲ့တာပါ။ FBI ထောက်လှမ်းရေးတွေကို မလွှဲပြောင်းပေးခင် အမေရိကန်စစ်သင်္ဘော USS San Antonio ပေါ်မှာ စစ်ကြောခံခဲ့ရသေးတယ်လို့ သူ့ရဲ့ရှေ့နေက ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up