Apple ကုမ္ပဏီထုတ်ကုန်ပစ္စည်းများ မန်မိုရီ ပမာဏအတိုင်း မပါဝင်မှုကြောင့် တရားစွဲခံရ

1.6K
[caption id="attachment_75951" align="alignright" width="450"]
ဓာတ်ပုံ - ရိုက်တာ[/caption]
နည်းပညာမှာ နာမည်ကြီးတဲ့ Apple ကုမ္ပဏီဟာ iPhones, iPads, iPod ပစ္စည်းတွေ အချက်အလက်သိမ်းဆည်းပေးတဲ့ မန်မိုရီ space အရွယ်အစားကို ကြော်ငြာထားတဲ့ ပမာဏအတိုင်း မပေးဘူးလို့ စွပ်စွဲခံရပြီး တရားစွဲခံထားရပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်က အမျိုးသား ၂ ယောက်က မြို့နယ် တရားရုံးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမှုဖွင့်ထားတာဖြစ်ပါတယ်။
Apple ကုမ္ပဏီက iPhones မှာ 16 gigabytes ပေးမယ်လို့ ကြော်ငြာခဲ့ပေမယ့် တကယ် မပေးဘူးဆိုပြီး အမှုဖွင့်ထားတာဖြစ်ပါတယ်။
Apple ကုမ္ပဏီဟာ ထုတ်ကုန်တွေမှာ မန်မိုရီ ပမာဏကို အကန့်အသတ် လုပ်ထားပြီး အချက်အလက် သိမ်းဆည်းစရာ နေရာမလောက်ဘဲ လစဉ်ကြေးပေးသုံးရတဲ့ အွန်လိုင်း iCloud ၀န်ဆောင်မှုကို သုံးအောင် တွန်းပို့ထားတယ် လို့လည်း စွပ်စွဲထားပါတယ်။