A d v e r t i s e m e n t With Us

ဂျပန်ကျောင်းသူကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့သည့် လူ ၅ ဦးကို အိန္ဒိယရဲ ဖမ်းဆီး

Indiaအိန္ဒိယနိုင်ငံမှာ အသက် ၂၃ အရွယ် ဂျပန်ကျောင်းသူတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ လူ ၅ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ နိုဝင်ဘာလ ၂၃ ရက်နေ့ကစပြီး တလကျော်ကြာ အချိန်အတွင်း အနည်းဆုံးနေရာ ၂ ခုမှာ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ အနောက်ဘန်ဂေါပြည်နယ်က ကမ်းခြေတခုမှာ ဂျပန်ဧည့်လမ်းညွန်တွေအဖြစ်ဟန်ဆောင်သူ ၂ ဦးက တခါ၊ အဲ့ဒီနောက် ဗုဒ္ဓဂါယာကို ခေါ်ဆောင်သွားပြီး အဲ့ဒီမှာ တခြားအဓမ္မပြုကျင့်သူ ၃ ဦးက တခါ ကျူးလွန်ခဲ့ကြတာလို့ ကာလကတ္တားရဲမင်းကြီး ပြောဆိုပါတယ်။ အဲ့ဒီမှာ ရက်သတ္တပတ်နဲ့ချီ အဓမ္မပြုကျင့်ခံရပြီး ကာလာကတ္တားမြို့ပြန်အရောက် ဂျပန်ကောင်စစ်ဝန်ရုံးကတဆင့် ဒီဇင်ဘာလကုန်ပိုင်းမှာ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ ကာလကတ္တားမြို့က အဓမ္မပြုကျင့်ခဲ့သူ ၂ ဦးကိုရော၊ ဗုဒ္ဓဂါယာ က ၃ ဦးကိုရော ရဲတွေက ဖမ်းဆီးရမိထားပါပြီ။ အဓမ္မပြုကျင့်သူတွေဟာ ဂျပန်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုတတ်ပြီး အစီအစဉ်တကျ ကျူးလွန်ခဲ့တာလို့လည်း ရဲမင်းကြီးက ပြောဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က အိန္ဒိယဆေးကျောင်းသူ ၁ ဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့အပြီး အိန္ဒိယနိုင်ငံရဲ့ အဓမ္မပြုကျင့်မှုတွေဟာ ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ ကျယ်ကျယ်လောင်လောင်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်အပြီး ၂၀၁၃ ခုနှစ်မှာ ဆွစ်ဇာလန်နိုင်ငံသူတဦး၊ အဲ့ဒီနောက် ၂၀၁၄ နှစ်ထဲမှာ ဒိန်းမတ်နိုင်ငံသူတဦးတို့ အဓမ္မပြုကျင့်ခံခဲ့ရပါသေးတယ်။ ထိထိရောက်ရောက် အရေးယူဖို့ ပြင်းထန်တဲ့ဥပဒေတွေ အစိုးရက ပြောင်းလဲပြဋ္ဌာန်းခဲ့ပေမယ့် ထင်သလောက် ထိရောက်မှု မရှိဘူးလို့လည်း အိန္ဒိယသတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up