မူဘာဒါလာ ချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲတွင် အင်ဒီမာရေး ချန်ပီယံဖြစ်

855
ယူအေအီးနိုင်ငံမှာ အဘူ ဒါဘီမှာ ယှဉ်ပြိုင်သွားတဲ့ မူဘာဒါလာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အင်ဒီမာရေး အနိုင်ရ ချန်ပီယံဖြစ် သွားပါတယ်။
ဗိုလ်လုပွဲမှာ ကမ္ဘာ့နံပတ်တစ် နိုဗက် ဂျိုကိုဗစ် ဖျားနာပြီး ကြံ့ခိုင်မှု မပြည့်ဝလို့ မယှဉ်ပြိုင်နိုင်ဘဲ အရှုံးပေး လိုက်တာပါ။ ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာတုန်းက အင်ဒီ မာရေးက ရာဖယ် နဒါး၊ ဂျိုကိုဗစ်က ဆွစ်ဇာလန်က ဝေါ်ဝင်ကာကို အနိုင်ရထားပါတယ်။
အခု ယှဉ်ပြိုင်တဲ့ အဘူဒါဆီ ပြိုင်ပွဲဟာ နာမည်ကြီး တင်းနစ်သမားတွေအတွက် လာမယ့် ဇန်န၀ါရီ ၁၉ ရက်နေ့မှာ စတင်မယ့် သြစတြေးလျအိုးပန်း ဂရန်းစလန်းပြိုင်ပွဲအကြို လက်ရည်သွေးတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။