A d v e r t i s e m e n t With Us

လေယာဉ်ပျက်ပြီး အသက်မသေပဲ လွတ်မြောက်ခဲ့သည့် ၇ နှစ်အရွယ် မိန်းခလေး

1အမေရိကန်နိုင်ငံအတွင်း လေယာဉ်ပျက်ကျမှုတခုမှာ အသက်မသေပဲ လွတ်မြောက်ခဲ့တဲ့ အသက် ၇ အရွယ် မိန်းခလေးငယ်တဦးက  အိမ်တအိမ်ကို သွားရောက်အကူအညီတောင်းခံခဲ့တဲ့ ဖြစ်ရပ်ဆန်းတခု ဇန်န၀ါရီလ ၂ ရက်နေ့ညက ဖြစ်ပွားခဲ့ပါတယ်။ ကင်တက်ကီပြည်နယ်အတွင်း လေယာဉ်ပျက်ကျမှုမှာ မိန်းခလေးက လွဲလို့ သူ့မိဘတွေ အပါအ၀င် လူ ၄ ဦးသေဆုံးခဲ့တာပါ။ ညအချိန် သစ်တောအတွင်း နီးစပ်ရာအိမ်တအိမ်ကို ရောက်အောင်သွားပြီး လေယာဉ်ပျက်ကျပြီး မိဘတွေ သေဆုံးသွားတယ်တဲ့အကြောင်းကို ပြောပြခဲ့တယ်လို့ ဒေသခံသတင်းဌာနတခု ဖော်ပြခဲ့တာပါ။ သူ့အမည်နဲ့ သေဆုံးသွားသူတွေနဲ့ ပတ်သက်မှုကိုတော့ ရဲက မထုတ်ဖော်ပါဘူး။ လေယာဉ်စက်ချွတ်ယွင်းမှုဖြစ်တဲ့ကြောင်းကို လေယာဉ်နဲ့ အဆက်အသွယ်မပြတ်ခင် လေကြောင်းထိန်းသိမ်းရေးစခန်းကို အကြောင်းကြားခဲ့တယ်လို့လည်း အမေရိကန်လေကြောင်း စီမံခန့်ခွဲရေး ဌာနက အတည်ပြုပြောဆိုပါတယ်။ လေယာဉ်နဲ့ အဆက်အသွယ်ပြတ်ခဲ့ပြီး နာရီဝက်အကြာမှာ မိန်းခလေးရဲ့ အကူအညီတောင်းခံမှု အကြောင်းကြားချက်ကို ရဲက ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဖိနပ်မပါ၊ သွေးအလိန်းလိန်းနဲ့ သူ့မိဘတွေ သေဆုံးခဲ့တဲ့အကြောင်းကို ပြောပြီး တည်းခိုခွင့် တောင်းခံခဲ့တဲ့အတွက် အသက် ၇၁ နှစ်အရွယ် အိမ်ပိုင်ရှင် Larry Wilkins ခဗျာ ၀မ်းနည်းငိုကြွေးခဲ့ရတယ်လို့ NBC သတင်းဌာနကို ပြောပြခဲ့ပါတယ်။ လေယာဉ်ဟာ Piper PA-34 အသေးစားလေယာဉ်ဖြစ်ပြီး ဖလော်ရီဒါပြည်နယ်ကနေ အီလီနွိုက်ပြည်နယ်ကို ပျံသန်းရင်း တောထဲမှာ ပျက်ကျခဲ့တာပါ။ ပျက်ကျရတဲ့အကြောင်းရင်းကို ရဲက စုံစမ်းဆဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up