သြစတြေးလျတွင် တောမီးလောင်ကျွမ်းမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ

1K
သြစတြေးလျနိုင်ငံတောင်ပိုင်းပြည်နယ်နဲ့ ၀ိတိုရိယပြည်နယ်တို့မှာ ဇန်န၀ါရီလ ၃ ရက်နေ့ကအထိ တောမီးကို မထိန်းချုပ်နိုင်သေးပဲ အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။ အခုကာလဟာ သြစတြေးလျနိုင်ငံရဲ့ နွေရာသီကာလဖြစ်ပြီး ဒီတောမီးတွေဟာ ၁၉၈၃ နောက်ပိုင်း အကြီးဆုံး တောမီးလောင်ကျွမ်းမှုလို့ ပြည်နယ် မီးသတ်တပ်မှူးက ပြောဆိုပါတယ်။
အဒလိတ်မြို့အရှေ့မြောက်ပိုင်းက တောမီးကို မီးသတ်အင်အား ၅၀၀၊ မီးသတ်လေယာဉ် ၁၄ စီးနဲ့ ဇန်ဝါရီလ ၂ ရက်နေ့ကစပြီး ကြိုးစားငြိမ်းသတ်နေကြပါတယ်။ မနိုင်မနင်းဖြစ်နေလို့ တခြားပြည်နယ်တွေကို အကူအညီတွေ တောင်းခံထားပြီး မီးသတ်သမား ၆ ဦးလည်း ဆေးအကူအညီလိုအပ်နေတယ်လို့ သြစတြေးလျမီဒီယာတွေက ဖော်ပြပါတယ်။
မီးသတ်သမားတွေကို ဒေသခံတွေကလည်း အကူအညီမပေးနိုင်သလို မီးသတ်သမားတွေ ကလည်း အိုးအိမ်တိုင်းကို ကာကွယ်ဖို့ မလွယ်ဘူးလို့ ပြောဆိုပါတယ်။
ဒေသအိမ်တွေကို မီးကူးစက်လောင်ကျွမ်းမှုတွေ ရှိနေပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး အတိအကျကိုတော့ မသိရသေးဘူးလို့ တောင်သြစတြေးလျပြည်နယ် မီးသတ်တပ်မှူး ဂရတ် နတ်လတ်တွန် က ပြောဆိုပါတယ်။ အိုးအိမ်စွန့်ခွာခဲ့ကြရတဲ့ ဒေသခံတွေအတွက် နီးစပ်ရာဒေသအလိုက် ယာယီကယ်ဆယ်ရေးစခန်းတွေကိုလည်း ဖွင့်လှစ်ထားပါတယ်။