ယခုနှစ်ဘောလုံးရာသီအကုန်တွင် ဂျရတ် လီဗာပူးအသင်းကနေ ထွက်ခွာမည်

1.1K
လီဗာပူးအသင်းခေါင်းဆောင် စတီဗင် ဂျရတ်က ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ဇန်န၀ါရီ ၃ ရက်နေ့က အတည်ပြု ပြောဆိုလိုက်ပါတယ်။
အသက် ၃၄ နှစ်အရွယ် ဂျရတ်ဟာ အမေရိကန် မေဂျာလိဂ်ကို ပြောင်းရွှေ့မှာ ဖြစ်ပေမယ့် ဘယ်အသင်းကို ပြောင်းမလဲဆိုတာ မရွေးချယ်ရသေးဘူးလို့ ဆိုပါတယ်။
အမေရိကားမှာ ရှိနေတဲ့ ပရိတ်သတ်တွေကို ပြောနိုင်တာကတော့ ကျနော် အမေရိကားမှာ လာပြီး ကစားမယ်ဆိုတာ သေချာပေမယ့် ဘယ်အသင်းလဲဆိုတာကိုတော့ မပြောနိုင်သေးဘူးလို့ ဂျရတ်က ပြောပါတယ်။
ဂျရတ်ဟာ လီဗာပူးမှာ ကစားတဲ့ ပွဲပေါင်း ၆၉၅ ပွဲမှာ ဂိုးပေါင်း ၁၈၀ သွင်းပေးထားပါတယ်။ သူဟာ အသင်းအတွက် အဓိကကျတဲ့ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေနဲ့ အက်ဖ်အေဖလားတွေကို ရယူပေးနိုင်ခဲ့ပါတယ်။