A d v e r t i s e m e n t With Us

တပ်သတင်းစဉ် အင်တာနက်စာမျက်နှာ ဖွင့်လှစ်မည်

Burma-military-621x306တပ်မတော်သတင်းစဉ်ဆိုတဲ့ အင်တာနက်စာမျက်နှာတခု ဒီလထဲတင်ဖို့ရှိပြီး အဲ့ဒီစာမျက်နှာမှာ တပ်သတင်းတွေ ထုတ်ပြန်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ တပ်မတော်နဲ့ သတင်းမီဒီယာအကြား တွေ့ဆုံပွဲတခု ဒီလလယ်မှာ ထပ်လုပ်ဖို့ရှိပြီး အဲ့ဒီတွေ့ဆုံမှု အပြီးမှာ တပ်သတင်းစဉ်အင်တာနက်စာမျက်နှာ ထွက်ပေါ်လာနိုင်မယ်လို့ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။ တပ်သတင်းစဉ်ကထုတ်ပြန်တဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ထပ်ဆင့်မေးလိုရင်တော့ အီးမေလ်းကတဆင့် ဖြေကြားသွားမယ်လို့လည်း ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စာနယ်ဇင်းကောင်စီတို့ တွေ့ဆုံပွဲအပြီး တပ်သတင်းတွေထုတ်ပြန်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up