A d v e r t i s e m e n t With Us

တိရိစ္ဆာန်အခွင့်အရေး ကာကွယ်သူ ကျောတွင် အပ်ပေါင်း ၂၅၀၀ စိုက်ပြီး ဆန္ဒပြ

ရက်စက်တဲ့ နွားရိုင်းသတ်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ ကိုလံဗီယာ သူ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်သူ ဖန်နီ ပါခွန်းက သူ့ကျောမှာ အပ်ပေါင်း ၂၅၀၀ ကို စိုက်ခဲ့ပါတယ်။ Untitled-1ကာတာဂီနာမြို့တော်ဝန် ရုံးအပြင်ဘက်မှာ ဆန္ဒပြတာဖြစ်ပြီး တရုတ်အပ်စိုက်ကုထုံး ဆရာဝန် ဒေးဗစ် ဟာနန်ဒက်စ်က အကူအညီပေးပါတယ်။ ကိုလံဗီယာမှာ ရိုးရာပွဲတော်အဖြစ် ကျင်းပနေတဲ့ နွားရိုင်းသတ်ပွဲကို ဆန့်ကျင်ဆန္ဒပြနေတာ အကြိမ်ကြိမ် ရှိခဲ့ပေမယ့် အာဏာပိုင်တွေက လျစ်လျူရှုထားတဲ့အတွက် စိတ်ပျက်ရတယ်လို့ ပါချွန်းက ပြောပါတယ်။ ဒီလို ကန့်ကွက်တာကို တခြား တက်ကြွလှုပ်ရှားသူတွေကလည်း ထောက်ခံ ပူးပေါင်းခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက တရုတ်နိုင်ငံက ၀ိုင်ရှန်ချူးက အပ်ပေါင်း ၂၀၀၉ ချောင်းကို ကိုယ်ပေါ်မှာ စိုက်ပြီး ဂရင်းနစ်စံချိန်တင်ထားတာ ဖြစ်လို့ ပါချွန်းရဲ့ အပ်စိုက်တဲ့ အစီအစဉ်ဟာ ဂရင်းနစ်စံချိန်ကို ချိုးမယ့် အစီအစဉ်လည်း ဖြစ်ပါတယ်။ ကိုလီဘီယာမှာ နွားရိုင်းသတ်ပွဲဟာ လူကြိုက်များပြီး စက်တင်ဘာလတုန်းက နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးက မြို့တော် ဘိုဂိုတိုမှာ နွားရိုင်းသတ်ပွဲ တားဆီးထားတဲ့ အမိန့်ဟာ အနုပညာလွတ်လပ်ခွင့်ကို ပိတ်ပင်ရာ ရောက်တယ်ဆိုပြီး ပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up