A d v e r t i s e m e n t With Us

ဗိုလ်ရှုသဘင်အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ခေါင်းဆောင်များ တက်ရောက်မည်

ဇန်န၀ါရီ ၄ရက် လွတ်လပ်ရေးနေ့ နေပြည်တော်မှာလုပ်မယ့် ဗိုလ်ရှုသဘင်အခမ်းအနားကို အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့စလုံးကို ဖိတ်ကြားထားပြီး အခုချိန်အထိ ၁၃ ဖွဲ့ကခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။ Militaryကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(ကေအန်ပီပီ) နဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)တို့ကလွဲပြီး ကျန်အဖွဲ့ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်တယ်လို့ ဖိတ်ကြားဆက်သွယ်ပေးနေတဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက ဦးညိုအုန်းမြင့်က ပြောပါတယ်။ လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်အခမ်းအနားတက်ဖို့ မြန်မာပြည်ရောက်နေတဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာက သူတို့ခရီးစဉ်အတွင်း သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဖို ရှိတယ်လို့ ပြောပါတယ်။ “ဒီပွဲမျိုးက မဖြစ်တာလည်း ကြာပြီ၊ နောက်ပြီး တိုင်းပြည်ရဲ့ အလားအလာကောင်း ဖြစ်တယ်။ ဆက်လက်ဆွေးနွေးကြမယ့် နိုင်ငံရေးကိစ္စအတွက်လည်း အရေးပါမလားပေါ့လေ။ အဲ့ဒီအတွက် လာဖို့ ဆုံးဖြတ်တာပါ။ ဒါ့အပြင် ဒီပွဲပြီးလို့ ထပ်တွေ့ရမယ့် ပွဲတွေကလည်း နိုင်ငံရေးအရ အင်မတန်အရေးကြီးတယ်။ ကျနော် သိထားသလောက်တော့ ဇန်န၀ါရီ ၅ ရက် မနက်ပိုင်းမှာ ကျနော်တို့နဲ့ သမ္မတနဲ့တွေ့မယ်။ နေ့လည်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့မယ်။ အကြီးအကဲတွေနဲ့တွေ့ပြီးတော့ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မယ်လို့ ကျနော် ယူဆတယ်လေ။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗိုလ်ရှုသဘင် အခမ်းအနား တက်ရောက်မှာ မဟုတ်ပေမယ့် လွတ်လပ်ရေးနေ့ ညစာစားပွဲကိုတော့ အန်အယ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန် တက်ရောက်မှာ ဖြစ်ပါတယ်။ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ ဗိုလ်ရှုသဘင်အခမ်းအနားကို မဏ္ဍိုင်ကြီး ၃ ရပ်က အကြီးအကဲတွေ၊ တပ်မတော်အရာရှိကြီးတွေ၊ လွှတ်တော်နှစ်ရပ်က ရေးရာကော်မတီ ကော်မရှင်ဥက္ကဋ္ဌတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့က ခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ နှစ် ၅၀ ကျော် တိမ်မြှုပ်နေတဲ့ ကောင်းမြတ်တဲ့ အစဉ်အလာတရပ်ကို ပြန်လည်ဖော်ထုတ်တဲ့ အနေနဲ့ ဗိုလ်ရှုသဘင်အခမ်းအနား ကျင်းပပြုလုပ်မှာလို့ အစိုးရက သတင်းထုတ်ပြန် ထားပါ တယ်။

A d v e r t i s e m e n t With Us

More News
Up