A d v e r t i s e m e n t With Us

အဲအေးရှားလေယာဉ် အပိုင်းအစများနှင့် ဆီကွက် ရှာတွေ့

_80019261_indonesia_missing_plane_624_v5ပင်လယ်ထဲကို ပျက်ကျပျောက်ဆုံးနေတဲ့ အဲအေးရှလေယာဉ်ကိုရှာဖွေမှုအတွင်း စနေနေ့က အလောင်း ၈ လောင်းကို ထပ်ရှာတွေ့ခဲ့တယ်လို့ ဘော်နီယိုကျွန်းက အင်ဒိုနီးရှား စစ်တပ်အခြေစိုက်စခန်းကို သယ်လာပါခဲ့ပါတယ်။ ဒီကနေ့ မနက်မှာပဲ လေယာဉ်ပစ္စည်းအကြီးစားတွေနဲ့ ဆီကွက်ကိုရှာတွေ့ပြီလို့ အင်ဒိုနီးရှား ရှာဖွေရေးအရာရှိတွေက ပြောပါတယ်။ ဇန်န၀ါရီလ ၂ ရက်နေ့ည သန်းခေါင်လောက်မှာ ပစ္စည်းအကြီး ၂ ခုကို ထောက်လှမ်းနိုင်ခဲ့တယ် တခုကပေ ၃၀ လောက်ရှည်ပြီး တခုကတော့ ပေ၂၀ လောက် ရှည်တယ်လို့ အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီခေါင်းဆောင် ဘန်ဘန် စိုလက်စ်တီယိုက မြို့တော် ဂျကာတာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့က လူ ၁၆၂ ယောက်ကို တင်ဆောင်လာတဲ့ အဲဘတ်စ် A320-200 အမျိုးအစား အဲအေးရှားလေကြောင်းလိုင်းက လေယာဉ်ဟာ အင်ဒိုနီးရှားကနေ စင်ကာပူကို ပျံသန်းနေတုန်း ပင်လယ်ထဲကို ပျက်ကျပျောက်ဆုံးခဲ့တာပါ။ ခုချိန်ထိ အလောင်း ၃၈ လောင်း ရထားပေမယ့် ရှင်သန်ကျန်ရစ်သူကို ရှာမတွေ့သေးပါဘူး။ အင်ဒိုနီးရှား မိုးလေဝသ ဗျူရိုကတော့ ရှာဖွေရေးဒေသအတွင်း ဇန်န၀ါရီလ ၂ ရက်နေ့ နှောင်းပိုင်းမှာ မိုးရွာဖို့ ဟောကိန်းထုတ်ထားပေမယ့် မနက်ပိုင်းကတော့ ကောင်းကင်က ပိုကြည်လင်ဖို့ မျှော်လင့်ချက် ရှိခဲ့ပါတယ်။ ဇန်န၀ါရီလ ၂ ရက်နေ့ မနက်က သင်္ဘော ၈ စီးက ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက် နေခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up