A d v e r t i s e m e n t With Us

၆၇ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အတွက် အမေရိကန်သမ္မတ သ၀ဏ်လွှာပေးပို့

၆၇ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အတွက် အမေရိကန် သမ္မတ အိုဘားမားနဲ့ အမေရိကန် ပြည်သူတွေကိုယ်စား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့ပါတယ်။ မြနobamaမာပြည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ခေတ်မီနိုင်ငံဆီကို ချီတက်တဲ့ လမ်းမှာ အမေရိကန်က ဆက်ပြီးတော့ ပံ့ပိုးပေးသွားမယ့်အကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အနာဂတ်မှာ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေ လိုအင်ဆန္ဒတွေ ပြည့်ဝပြီး အတူတကွ ပျော်ရွှင်နိုင်မယ့် အချိန် ရောက်လာမယ်လို့ မျှော်လင့်တယ်လို့လည်း ဇန်န၀ါရီလ ၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဂျွန်ကယ်ရီဟာ အထက်လွှတ်တော် အမတ်အဖြစ်နဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်က မြန်မာပြည်ကို ရောက်ခဲ့ဖူးပြီး လွန်ခဲ့တဲ့ သြဂုတ်လတုန်းက နောက်တခေါက် ပြန်ရောက်တဲ့အခါမှ အပြောင်းလဲကြီး ပြောင်းလဲသွားတာကို တွေ့ခဲ့ရတယ်လို့လည်း သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်မှာ ဒီနေ့အထိ ခရီးပေါက်နေတဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ရှေ့မှာလည်း နှစ်နိုင်ငံ လက်တွဲပြီး ခရီးဆက်နိုင်တယ်ဆိုတာ အကောင်းဆုံး သက်သေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပျော်ရွှင်စရာ လွတ်လပ်ရေးနေ့ဖြစ်ဖို့ အမေရိကန် ပြည်သူတွေက ဆုတောင်း မေတ္တာပို့သ ပါတယ်လို့လည်း ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up