မူဘာဒါလာ ဖိတ်ခေါ် တင်းနစ်ပြိုင်ပွဲ ဂျိုကိုဗစ်က ၀ါရင်ကာကို အနိုင်ရ

862
ဇန်န၀ါရီလ ၂ ရက်နေ့က ယှဉ်ပြိုင်တဲ့ မူဘာဒါလာ ဖိတ်ခေါ် တင်းနစ်ပြိုင်ပွဲမှာ ဂျိုကိုဗစ်က ၀ါရင်ကာကို ၆-၁-၆-၂ နဲ့ အနိုင်ရသွားပါတယ်။
ယူအေအီးနိုင်ငံ ဒုတိယမြို့တော် အဘူဒါဘီမှာ ယှဉ်ပြိုင်တဲ့ပွဲမှာ ပွဲချိန် ၅၇ မိနစ် မှာပဲ ဆာဗီးယား နိုင်ငံသား ကမ္ဘာ့အဆင့် နံပါတ် ၁ ဂျိုကိုဗစ်က ဆွစ်ဇလန်နိုင်ငံသားကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
၂၀၁၄ ဇန်န၀ါရီတုန်းက ကျင်းပခဲ့တဲ့ သြစတြေးလျ အိုးပင်း ပွဲတုန်းက ၀ါရင်ကာက ဂျိုကိုဗစ်ကို အနိုင်ရခဲ့ပေမယ့် ဇန်န၀ါရီလ ၂ ရက်နေ့ ပွဲမှာတော့ ဂျိုကိုဗစ်က တပွဲလုံးကို စီးပြီး ကစားသွားခဲ့ပါတယ်။
ပွဲအပြီးမှာ ဂျိုကိုဗစ်က တလလောက် နားထားရာကနေ ပြိုင်ပွဲထဲ ပြန်ဝင်လာတဲ့အချိန်မှာ ကောင်းကောင်းမွန်မွန်ကစား နိုင်လို့ ကျေနပ်တယ်လို့ ပြောပါတယ်။
ဒီနေ့ စနေနေ့မှတော့ ဗိုလ်လုပွဲမှာ ဂျိုကိုဗစ်နဲ့ စကော့တလန်သား အန်ဒီ မာရေးနဲ့ ဆုံရမှာဖြစ်ပါတယ်။