A d v e r t i s e m e n t With Us

အိန္ဒိယကမ်းရိုးတန်းတွင် ဖောက်ခွဲရေးပစ္စည်းတင်ဆောင်ထားသည့် ငါးဖမ်းလှေပေါက်ကွဲ

INDIA-PAKISTAN-POLITICSအိန္ဒိယကမ်းရိုးတန်းမှာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ ပါကစ္စတန် ငါးဖမ်းလှေတစီး ပေါက်ကွဲခဲ့လို့ လူ ၄ ယောက် သေဆုံးတယ်လို့ အိန္ဒိယအရာရှိ တယောက်က ဇန်န၀ါရီလ ၂ ရက်နေ့က ပြောပါတယ်။ အိန္ဒိယနိုင်ငံရဲ့အနောက်ဘက် ကမ်းရိုးတန်း ကမ်းလွန် ၂၂၅ မိုင်အကွာက အာရေဗျပင်လယ်မှာ နှစ်သစ်အကြို ညက အိန္ဒိယ ကမ်းခြေစောင့်တပ်က လှေကို တနာရီလောက် နောက်က လိုက်ဖမ်းခဲ့ပြီး မရပ်ခင် သတိပေးပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။ လှေမှာ ဘာနာမည် သိသာထင်ရှားတဲ့  အမှတ်အသားကိုမှ မမြင်ရပါဘူး။ လူ ၁၆၆ ယောက် သေဆုံးခဲ့ရတဲ့ မွမ်ဘိုင်းကို တို်က်ခိုက်မှုအပြီး အိန္ဒိယ အစိုးရက ကမ်းရိုးတန်း လုံခြုံရေးအတွက် ငွေကုန်ခံပြီး ရဟတ်ယာဉ်တွေ ကင်းလှည့်သင်္ဘောတွေနဲ့ ကမ်းရိုးတန်း ရေဒါကွန်ယက်တွေကို တည်ဆောက်တာဝန်ချခဲ့ပါတယ်။ ဇန်နဝါရီလကုန်ပိုင်းမှာ အမေရိကန် သမ္မတ ဘားရတ်အိုဘားမား လာရောက်လည်ပတ်မှာမို့ အိန္ဒိယလုံခြုံရေးအေဂျင်စီတွေက နိုင်ငံအနှံ့ တပ်လှန့် ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up